ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

517 62 0
                                    

Chapter 153

ကုဆွေ့ဆွေ့တစ်ယောက် ပါပါးခဲ့ပေးထားသော ယုန်ရုပ်ပွလေးကိုဖက်ထားကာ အခန်းထဲတွင်အောင်းနေရင်း အလွန်အမင်းဝမ်းနည်းနေမိသည်။

ငိုရလွန်း၍ မျက်လုံးများပင်နီရဲပြီးဖောင်းအစ်နေသည်။ ရှိုက်သံလေးများထွက်ကာ မျက်ရည်များတသွင်သွင်ကျဆင်းနေ၏။

တစ်အောင့်လောက်ကြာသောအခါ တံခါးပိတ်သံကိုကြားလိုက်ရသည်။ မေမေအပြင်ထွက်သွားပုံရသည်။

ထို့ကြောင့် ကုဆွေ့ဆွေ့မှာပိုပိုပြီးဝမ်းနည်းလာရသည်။ ဖေဖေရော၊ မေမေရော သူမကိုမချစ်ဟု ခံစားလာရပြန်သည်။ အိမ်မှထွက်ပြေးကာ တစ်စုံတစ်ယောက်ဆီတွင် သွားနေလိုက်ချင်သည်။

ပါပါးခဲ့အိမ်ကိုလည်းသွားလို့မဖြစ်။ ပါပါးခဲ့ရှေ့တွင် ဆွေ့ဆွေ့တစ်စက်ကလေးမှလိမ်လို့မရ။ အကြောင်းစုံကိုသာသိသွားလျှင် ပါပါးခဲ့ဘာလုပ်လိမ့်မည်မှန်းဆွေ့ဆွေ့ပင်ခန့်မှန်း၍မရနိုင်ပေ။

ကိုကိုလုချီကလည်း ဤရက်ပိုင်းအတွင်းအခြားမြို့သို့သွားကာရိုက်ကူးရေးလုပ်နေသဖြင့်ပြန်လာဦးမည်မဟုတ်။

မမဖုယင်းယွီ....။ ယခုအချိန်တွင်ဆွေ့ဆွေ့ကိုကူညီနိုင်သူတစ်ဦးသာရှိသည်။ ကုဆွေ့ဆွေ့လည်းတစ်ခဏမျှစဥ်းစားလိုက်ပြီး နောက်ဆုံးတွင်စိတ်ပိုင်းဖြတ်ကာ မမဖုယင်းယွီကိုဖုန်းခေါ်ဆိုလိုက်၏။

"အမယ်...ဆွေ့ဆွေ့လေးကဒီနေ့ဘာကိစ္စရှိလို့လဲ မမကိုထူးထူးခြားခြားဖုန်းတွေဘာတွေဆက်လို့ပါလား"

"မမဖု...အခုမြို့တော်ထဲမှာပဲမလားဟင်"

ဆွေ့ဆွေ့တစ်ယောက် အချိန်အတော်ကြာကြာငိုထားသောကြောင့် အသံတိုးတိုးအက်အက်သာထွက်နိုင်သည်။

အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်ဖြစ်သောကြောင့် ကလေးငယ်ကဘယ်လောက်ပဲဖုံးကွယ်နေပါစေ ငိုထားသည့်အသံကိုဖုယင်းယွီကောင်းကောင်းသိသည်။ ထို့ကြောင့်လူသိပ်မရှိသည့်နေရာသို့သွားကာ ကလေးငယ်ကိုအကျိုးအကြောင်းမေးမြန်းရန်ပြင်လိုက်သည်။

"အင်း...မမအခုမြို့တော်မှာပဲရှိနေတာ ဆွေ့ဆွေ့မမကိုအမှန်အတိုင်းပြောနော် ငိုထားတာမလား ဘာဖြစ်လို့လဲ တစ်ယောက်ယောက်ကဆွေ့ဆွေ့ကိုအနိုင်ကျင့်လိုက်လို့လား"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now