ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

708 77 2
                                    

Chapter 101

ရုပ်ရှင်အနုပညာကျွမ်းကျင်ဝေဖန်ရေးသမား

တစ်ဦးဖြစ်သည့် ကျောက်ချီမင်းက 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးအတွက်ဝေဖန်သုံးသပ်ချက်ကို နာရီဝက်အတွင်းအမြန်ရေးလိုက်သည်။

ထို့နောက် သူရေးထားသည့်သုံးသပ်ချက်အမြင်များကို အနုပညာဝက်ဘ်ဆိုက်များနှင့်Weiboတွင်တစ်ပြိုင်တည်းထုတ်ဝေကြ၏။

"အစပိုင်းမှာတော့...ကျွန်တော်လည်း တိမ်မြှုပ်နေသော ရုပ်ရှင်ကားကိုအဲ့လောက်ကြီးကောင်းမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး

ရှေ့ကထွက်ခဲ့တဲ့ အိုင်ပီရုပ်ရှင်တွေကို ပြန်အခြေခံပြီးရိုက်မယ်လို့သတင်းကြားထားတော့ အထင်မကြီးမိတာအမှန်ပါ ဒါပေမဲ့ တစ်ကယ်တမ်း ရုံတင်ပြသတဲ့အခါမှာ ကျွန်တော် တော်တော်လေးအံ့သြသွားခဲ့ရပါတယ်

ဒါရိုက်တာချန်းနဲ့ရိုက်ကူးရေးအဖွဲ့က ဒီရုပ်ရှင်အတွက် အတော်အချိန်ပေးပြီး ကြိုးစားထားတာကိုတွေ့ရတယ် သရုပ်ဆောင်တွေလည်း အကုန်တော်ကြပါတယ် ဇာတ်လိုက်ကနေဇာတ်ပို့သရုပ်ဆောင်တွေအထိတဆုံး လုံးဝပြောစရာမရှိအောင် ပြီးပြည့်စုံလွန်းတယ်

ဇာတ်အိမ် ဇာတ်ကွက်၊ ဇာတ်လမ်းအသွားအလာတွေအားလုံးကလည်း အချိတ်အဆက်မိမိနဲ့ သရုပ်ဖော်သွားတယ် အားနည်းချက်အသေးအဖွဲလေးတွေတော့ရှိနေပေမဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးကို ခြုံငုံကြည့်မယ်ဆိုရင် အဲဒါတွေက မပြောပလောက်ပါဘူး

ဒီရုပ်ရှင်ကားကြီးအတွက် အမှတ်ဘယ်လောက်ပေးမလဲလို့ ကျွန်တော့်ကိုမေးမယ်ဆိုရင် အမှတ်ပြည့်ဆယ်မှတ်မှာ ကိုးမှတ်ပေးပါတယ် အဲဒါအပြင် မောင်နှမဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်သွားတဲ့ လုချီနဲ့ကုဆွေ့ဆွေ့တို့အတွက် ၀.၅ မှတ် နောက်ကွယ်ကနေ ကြိုးစားရိုက်ကူးပေးထားကြတဲ့ ရိုက်ကူးရေးအဖွဲ့သားအားလုံးအတွက် ၀.၅ မှတ်ထပ်ပေါင်းပြီးပေးချင်ပါတယ်

အနာဂတ်မှာ...အရည်အသွေးမြင့်ပြည်တွင်းရုပ်ရှင်တွေ ထပ်ပြီးထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်"

ကျောက်ချီမင်း၏ ရုပ်ရှင်ဝေဖန်သုံးသပ်ရေးဝက်ဘ်ဆိုက်တွင် ပရိသတ်သန်းပေါင်းများစွာရှိသည်။ သူရေးသည့် ရုပ်ရှင်သုံးသပ်ချက်ပုံစံကို ရင်းနှီးနေသူတချို့က သူ့အမှတ်ပေးစံနှုန်းများမည်မျှတင်းကျပ်ကြောင်း သိကြ၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now