ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

590 63 0
                                    

Chapter 132

အငယ်ဆုံးသားလေးဖြစ်သည့် ချင်ဇီချန်းက ဆွေ့ဆွေ့အားအလွန်ခင်တွယ်နေသည်ကို တွေ့ရသောအခါ ချင်ဥက္ကဋ္ဌကြီးလည်း စိတ်လျှော့လိုက်သည်။

သို့သော် အပြင်ထွက်သည့်အခါတိုင်း ချင်ဇီချန်း၏ဘေးတွင် အနည်းဆုံးသက်တော်စောင့်တစ်ဦးထားရှိရန် သဘောတူညီမှုပြုလိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် ထိုသက်တော်စောင့်ကလည်း ချင်ဇီချန်းနှင့်အတူရိုက်ကွင်းသို့လာသည့်အခါတိုင်း အပြင်တွင်သာရပ်စောင့်နေတတ်သည်။ ချင်ဇီချးန်၏ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်ခြင်းမပြုချေ။

ခါတိုင်းယခုလိုအချိန်မျိုးတွင် ချင်ဇီချန်းတစ်ယောက် အိမ်တော်ကြီးထဲတွင်ပျင်းရိခြောက်ကပ် အထီးကျန်ဆန်စွာဖြင့်တစ်ကိုယ်တည်းနေနေရမည်ဖြစ်သည်။ မိသားစုအားလုံးက ကိုယ်စီကိုယ်စီအလုပ်ရှုပ်နေကြသဖြင့် သူနှင့်အတူဆော့ကစားပေးမည့်သူတစ်ယောက်မှမရှိ။ ယခုမူ ဆွေ့ဆွေ့နှင့်အချိန်တိုင်းလိုလိုဆော့ကစားရသောကြောင့် ချင်ဇီချန်းမှာ နေ့တိုင်းမပျင်းရတော့ပေ။

ကုဆွေ့ဆွေ့က ချင်ဇီချန်းကိုချင်အိမ်တော်တွင်တစ်ပတ်သုံးရက်ခန့်သွားတွေ့ပြီးအတူဆော့ကစားဖြစ်သည်။ တစ်ဖက်ရိုက်ကွင်းတွင်လည်း ကြိုးကြိုးစားစားသရုပ်ဆောင်သောကြောင့် တစ်စုံတစ်ယောက်ကိုချီးကျူးခဲလှသော ဒါရိုက်တာလုကျန်းဟွေပင်လျှင် ဆွေ့ဆွေ့ကိုအကြိမ်ပေါင်းများစွာချီးကျူးရသည်။

ရှန်ယွမ်တစ်ယောက်မှာလည်း ချင်ဥက္ကဋ္ဌကြီးနှင့်ဆွေ့ဆွေ့တို့နှစ်ကိုယ်ကြားပြောခဲ့သောစကားများကိုပြန်စဉ်းစားရင်းတစ်ညလုံးအိပ်မပျော်တော့ပေ။ နောက်ဆုံးတွင်ကိုယ်စားလှယ်လုယွမ်ကျစ်ကိုဖြစ်ကြောင်းကုန်စင်ပြောပြပြီးအကူအညီတောင်းရတော့သည်။

သို့သော် လုယွင်ကျစ်ကမူ ကလေးများ၏ကိစ္စကိုသူတို့လူကြီးများဝင်မပါဘဲ ကလေးများအချင်းချင်းသာဖြေရှင်းစေရန် ပြောလာသည်။ ဥက္ကဋ္ဌချင်ဘက်မှလည်းဘာမှထပ်မပြောလာသောကြောင့် ဆွေ့ဆွေ့နှင့်သူ့သားကိုသူငယ်ချင်းအဖြစ်မှပိတ်ပင်တားဆီးမည့်လုပ်ရပ်မျိုးလည်း လုပ်မည်မဟုတ်ပေ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now