ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

864 112 1
                                    

Chapter 16

သူခိုးကို မည်သည့်လောကဝတ်ယဉ်ကျေးမှုမှ ပြစရာမလိုပေ။

ဖူရင်းယွီက ဆွေ့ဆွေ့၏ကျီမင်းအပေါ်စွပ်စွဲချက်ကိုနားထောင်ပြီး စားပွဲပေါ်ရှိမုန့်ဘူးများကိုလှည့်ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ကျီမင်းက မုန့်များနှင့်ကလေးငယ်ဆီလာရသည့်ရည်ရွယ်ချက်ကို ဖူရင်းယွီမသိသော်လည်း စိတ်မကြည်မသာဖြစ်မိသည်တော့ အမှန်ပင်။

ကုဆွေ့ဆွေ့နှင့်ကျီမင်းက ယခုမှပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်သည်။ နှစ်ဦးသားကြား မည်သည့်အငြိုးမျိုးမှ မရှိနိုင်လောက်ချေ။ အထူးသဖြင့် ဆွေ့ဆွေ့ကဲ့သို့ကလေးမျိုးက အဘယ်အမုန်းတရားမျိုးရှိနိုင်လိမ့်မည်နည်း။ ကျီမင်းက သူ(မ)နှင့်ဆွေ့ဆွေ့၏ဆက်ဆံရေးကို သိလိုသောကြောင့်သာ လာအစ်နေခြင်းဖြစ်ရမည်။

"ဆွေ့ဆွေ့.....အဆင်ပြေတယ်နော်.....မမရောက်ပြီ"။

ဆွေ့ဆွေ့တစ်ယောက်တည်းရှိနေချိန်တွင် ဝမ်းနည်းခြင်း ၊ ကြောက်ရွံ့ခြင်းအလျဉ်းမရှိခဲ့ပေ။ ထိုမမကျီမင်းက သူ(မ)အပေါ်အဘယ်ကြောင့် အငြိုးထားနေသည်ကို နားမလည်နိုင်ပဲ တွေဝေနေဆဲဖြစ်သည်။ သို့သော် သူ(မ)ဘေးတွင်မားမားမတ်မတ်ရပ်တည်ပေးသည့် တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရချိန်တွင် ကုဆွေ့ဆွေ့ဝမ်းနည်းလာကာ မျက်ရည်များကမျက်ဝန်းထဲမှ ချက်ချင်းဆိုသလို တစ်လှိမ့်လှိမ့်စီးကျလာသည်။

လျှံကျလာတော့မည့်မျက်ရည်များကိုတားဆီးရန် သူ(မ)အတတ်နိုင်ဆုံးကြိုးစားပြီး မ်က္လုံးမ်ားကို ပေကလတ် ပေကလတ်လုပ်လိုက်သည်။ ထို့နောက် ဝမ်းနည်းစွာဖြင့် သူ(မ)ဘေးတွင်ရှိသောသူကို အော်ခေါ်လိုက်သည်။ "မမဖူ....."။

ထိုမမကျီမင်းက သူ(မ)အားအဘယ်ကြောင့် ထိခိုက်နာကျင်စေလိုရပါသနည်း။ သူ(မ)အမွားတစ္ခုခုမ်ား လုပ္မိလို့လား။

လွန်ခဲ့သည့်အခေါက်က မမစုယွီချင်း၏သူ(မ)အပေါ်မုန်းတီးမှုကို တွေ့ကြုံခံစားဖူးသောကြောင့် ယခုမူ အရင်ကလောက်မပျော့ညံ့တော့ပေ။ သူ(မ)ကိုမုန်းသောသူတစ်ယောက်ကြောင့် စိတ်ထိခိုက်မနေတော့ပေ။ သို့သော် သူ(မ)စိတ်ထဲတွင်မူ အနည်းငယ်မကြည်မသာဖြစ်နေသေးသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now