ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

750 88 1
                                    

Chapter 65

ကောဖန်လင်း၏အကြုံပြုချက်က အသုံးဝင်သေးကြောင်း အချက်အလက်မှန်များကသက်သက်ပြနေသည်။

"ဆွေ့ဆွေ့နဲ့ယွီလင်း....ဒီတစ်ခေါက်မှာ တော်တော်လေးကောင်းကောင်းလုပ်နိုင်ခဲ့တယ်....ခဏလေးနားကြတာပေါ့....ပြီးမှ နောက်ဇာတ်ဝင်ခန်းတစ်ခုကိုရိုက်ကြတာပေါ့"။

ကုဆွေ့ဆွေ့တစ်ယောက် သူ(မ)နှင့်အတူတွဲဖက်သရုပ်ဆောင်သော ထိုအစ်ကိုကြီး၏ "ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်မှု" ကိုကျင့်သားရသွားပြီးနောက် နောက်ဇာတ်ဝင်ခန်းရိုက်ကူးရာတွင် တဖြေးဖြေးချင်းတိုးတက်လာခဲ့သည်။ ထိုအစ်ကိုကြီး၏ရက်စက်ကြမ်းကြုတ်သည့်အသွင်အပြင်ကို ကြောက်ရွံ့မနေတော့ချေ။ နောက်ထပ်နှစ်ကြိမ်ပြန်လည်ရိုက်ကူးပြီးနောက် ရလဒ်ကောင်းကောင်းမွန်မွန်ထွက်လာခဲ့သည်။

"ဆွေ့ဆွေ့....အစ်ကိုတို့နေ့လည်စာမှာစားကြမလို့...အဲ့ဒါ သမီးဘာစားချင်လဲ"။ ရိုက်ကူးရေးအတွက် ရင်းနှီးမြှုပ်နှံထားသည့်ငွေများကို ထိန်းသိမ်းရသော ကောဖန်လင်းက ခြိုးခြံခြွေတာကာ ကပ်စေးနှဲတတ်သည်။ သို့သော် သူ့ရိုက်ကူးရေးအဖွဲ့သားများကို ကျွေးမွေးရာတွင်မူ နှမြောတွန့်တိုခြင်းအလျဥ်းမရှိပေ။ ရံဖန်ရံခါတွင် စားသောက်ဆိုင်ကြီးများတွင်ပင် ဧည့်ခံကျွေးမွေးတတ်သေးသည်။

ဒါရိုက်တာကြီးကရိုက်ကူးရေးအဖွဲ့သားများအတွက် နေ့လည်စာစီစဥ်ပေးမည်ဟုပြောလာသောအခါ ကုဆွေ့ဆွေ့လည်းတုံ့ဆိုင်းမနေပဲ သူ(မ)စားချင်သည့် အစားအသောက်များကိုပြောလိုက်သည်။ "ကိုကို....သမီးကြက်ခြေထောက်ကြော်စားချင်တယ်"။

ကုဆွေ့ဆွေ့၏အကြိုက်ဆုံးအစားအစာမှာ ကြက်ခြေထောက်ကြော်ဖြစ်သော်ငြားလည်း မေမေကသူ(မ)အား တစ်လတစ်ခါသာစားခွင့်ပေးထားသည်။ သူ(မ)မကျေမနပ်ဖြစ်မိသော်လည်း မိခင်ဖြစ်သူကိုအာမခံရဲပေ။ ကလေးမလေး၏မျက်နှာအမူအရာကိုမြင်သောအခါ အစားအသောက်မှာရန်တာဝန်ယူထားသည့် ကျန်းဟွယ်ရှင်းကပြုံးကာပြောလာသည်။ "အဲဒါဆိုရင်...သမီးအတွက် ကြက်ခြေထောက်နဲ့ကြက်ပေါင်ကြော်တစ်ဘူးစီမှာပေးမယ်နော်....ဟုတ်ပြီလား"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now