ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

599 65 0
                                    

Chapter 123

အိမ်တွင်လက်ဆွဲသေတ္တာအိပ်ဖြင့် လိုအပ်သည့်ပစ္စည်းများကိုထုပ်ပိုးပြီးနောက် ဖုန့်ယောင်ချင်းက ဆွေ့ဆွေ့နှင့်ရှန်ယွမ်ကို အိမ်အောက်ထပ်သို့လိုက်ပို့သည်။

"အစ်မဖုန့်ယောင်ချင်း စိတ်မပူပါနဲ့ ရိုက်ကွင်းကိုရောက်ရင် ကျွန်မဆွေ့ဆွေ့ကို ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ်"

"မေမေ...သမီးကိုမကြာမကြာလာတွေ့နော် မဟုတ်ရင် သမီးတော့လွမ်းနေတော့မှာ"

ကုဆွေ့ဆွေ့က မိခင်ဖြစ်သူအား ချွဲ့နွှဲ့စွာပြောလိုက်သည်။ သူမ၏မျက်ဝန်းထဲတွင်လည်း ဝမ်းနည်းမှုအရိပ်အယောင်တို့က အထင်းသားပေါ်လွင်နေသည်။

သူမအားတင်းတင်းကြပ်ကြပ်ဖက်ထားကာ ဝမ်းနည်းစွာပြောလာသော သမီးငယ်ကိုကြည့်ရင်း ဖုန့်ယောင်ချင်းလည်းမလွှတ်ချင်တော့ပေ။ ရိုက်ကူးရေးအဖွဲ့က လက်ထောက်တစ်ယောက်သာလိုက်ခွင့်ရှိသည်ဟုဆိုလာသောကြောင့် ဖုန့်ယောင်ချင်းမှာလိုက်မသွားပဲ နေခဲ့ရသည်။

ထို့အပြင် ဤတစ်ခေါက်ရိုက်ကူးရေးမှာ တစ်လနီးပါးကြာမည်ဖြစ်သောကြောင့်ဖုန့်ယောင်ချင်းတစ်ယောက်အလွန်စိတ်ညစ်သွားသည်။ သမီးလေးနှင့်ဤမျှလောက်အချိန်အကြာကြီးမခွဲခဲ့ဖူးချေ။ တစ်ဦးတည်းသောသမီးလေးဖြစ်သည့်အတွက် ဖုန့်ယောင်ချင်းကနေရာတကာပါပြီး အစအဆုံးလိုက်ကူပေးလေ့ရှိသည်။ သို့သော်ကြာလျှင်ကလေးကသူ့ဘာသာသူအားမကိုးတတ်တော့ဘဲ သူမကိုသာ မှီခိုလာမည်စိုး၍ နေရာတိုင်းတွင်ဝင်မပါတော့ဘဲ ဖြေးဖြေးချင်းစီကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ပေးရမည်ဖြစ်၏။

"ကဲ...အချိန်လည်းမစောတော့ဘူးဆိုတော့ ရှန်ယွမ်နဲ့ဆွေ့ဆွေ့တို့ ရိုက်ကူးရေးအဖွဲ့စောင့်နေတဲ့နေရာကိုသွားကြတော့လေ အခုအချိန်မသွားရင် ယာဥ်ကြောပိတ်တာနဲ့ကြုံပြီးနောက်ကျနေလိမ့်မယ် ညကျမှဗီဒီယိုကောလ်ခေါ်လိုက်မယ်နော်"

"ဆွေ့ဆွေ့...ရိုက်ကွင်းမှာရောက်ရင်လည်း မမရှန်ယွမ်ရဲ့စကားကိုနားထောင်နော် တစ်ခြားကလေးတွေနဲ့လည်းတည့်အောင်နေ ကြားလား"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWaar verhalen tot leven komen. Ontdek het nu