ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

636 72 1
                                    

Chapter 154

နောက်တစ်နေ့တွင်...

ကုဆွေ့ဆွေ့တစ်ယောက် မနက်စာမစားဘဲ ဖုယင်းယွီ၏အိပ်ရာပေါ်တွင်သာ တစ်အောင့်လောက်ဆက်မှေးနေလိုက်သည်။

မိခင်ဖြစ်သူကို သူမအတော်လေးလွမ်းနေမိသည်။

မေမေချက်ပေးသည့်မနက်စာနှင့်နှုတ်ခွန်းဆက်အနမ်းလေးများကိုလည်းလွမ်းသည်။ ကုဆွေ့ဆွေ့လည်း ဘေးတွင်ရှိနေသောဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။ မည်သည့်ဖုန်းခေါ်ဆိုမှု မည်သည့်မက်ဆေ့ချ်မှရှိမနေသောကြောင့် အနည်းငယ်စိတ်ပျက်မိသွား၏။

မေမေက သူမကို တကယ်ပဲချစ်ပါရဲ့လား။

မနေ့ညက အိမ်မှထွက်ပြေးလာခဲ့သည်ကိုပင် နောင်တရမိသည်။ မိခင်ဖြစ်သူကို နောက်ဆုံးအကြိမ်အဖြစ် တွေ့ခွင့်မရလိုက်ပေ။ ထိုအကြောင်းများကိုစဥ်းစားရင်း ဆွေ့ဆွေ့မှာ ထိန်းမရနိုင်အောင် မျက်ရည်များကျလာပြန်သည်။ မငိုမိအောင် ကြိုးစားသော်လည်း ရင်ဘတ်ထဲမှအောင့်တက်လာရသည်။

"မေမေ"

တံခါးဝတွင်ရပ်နေသူကိုမြင်လိုက်ရသောအခါ ဆွေ့ဆွေ့မှာမျက်ရည်များမထိန်းနိုင်တော့ပေ။ သို့သော်ဤတစ်ခေါက်ကျသောမျက်ရည်က ဝမ်းနည်းမျက်ရည်မဟုတ်ဘဲ မျှော်လင့်ထားသူကိုတွေ့လိုက်ရသောကြောင့် ဝမ်းသာမျက်ရည်များကျလာခြင်းဖြစ်သည်။

သို့သော်မနေ့ညကအဖြစ်အပျက်များကိုပြန်တွေးမိပြီးနောက် ဝမ်းသာနေသောသူမ၏မျက်နှာအမူအရာမှာ တဖြေးဖြေးညှိုးကျသွားသည်။

"ဆွေ့ဆွေ့...သမီးမေမေ့နောက်ပြန်လိုက်မလား"

ဖုန့်ယောင်ချင်းတစ်ယောက် တစ်ညလုံးမအိပ်နိုင်ဘဲ သမီးလေးကိုစိတ်ပူနေခဲ့သည်။ ဖုယင်းယွီ၏အိမ်တွင်လုံလုံခြုံခြုံရှိနေသည်ကိုသိသော်လည်း ရင်တွင်းအပူမီးကငြိမ်းမသွား။ ထို့ကြောင့် မနက်စောစောစီးစီးဖုယင်းယွီ၏တိုက်ခန်းသို့ရောက်လာရခြင်းဖြစ်သည်။

"သ...သမီး"

ဆွေ့ဆွေ့၏စိတ်ထဲတွင်အလွန်ရှုပ်ထွေးနေသည်။ သူမပြန်လိုက်သွားလျှင် မေမေကသူမကိုချစ်ဦးမည်လား။ ဖေဖေကရော သူမကိုအလိုရှိသေးရဲ့လား။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now