ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

534 71 1
                                    

Chapter 143

ခဲ့ကျင်းယန်လည်း နိုဝင်ဘာနှစ်ဆယ့်ငါးရက် နေ့လည်ပိုင်းတွင် Yမြို့တော်သို့ရောက်ရှိလာသည်။

"ဆွေ့ဆွေ့...ရုပ်ရှင်ပွဲတော်က ဒီနေ့ညမလား"

ခဲ့ကျင်းယန်အနေဖြင့် ဤသို့သောရုပ်ရှင်ပွဲတော်များကို စိတ်မဝင်စားချေ။ မည်သူရရ၊ မရရ သူ့အပူမပါ။ သူဆုရလျှင်လည်း ယူလိုက်ရုံသာ။ မည်သို့သောခံစားချက်မျိုးမှရှိမနေချေ။

လုယွမ်ကျစ်သာ အတင်းမလာခိုင်းလျှင် ဤအချိန်လောက်တွင် ဂိမ်းလေးကစားပြီးအိမ်တွင်သာအေးဆေးနှပ်နေမိပေလိမ့်မည်။ လတ်တလောတွင် ခဲ့ကျင်းယန်တစ်ယောက် သီချင်းခွေအသစ်ထုတ်ရန် ပြင်ဆင်နေသည့်ကာလဖြစ်သောကြောင့် လုယွမ်ကျစ်က ဂိမ်းစက်မှစ၍ စစ်တုရင်ခုံများအထိပါ သိမ်းထားသည်။ ခဲ့ကျင်းယန်အား လုံးဝပေးမထိချေ။

သို့သော် ဤနှစ်ဆုပေးပွဲတွင်မူ ဆွေ့ဆွေ့ကအကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားသောကြောင့် ခဲ့ကျင်းယန်က ကလေးငယ်ကိုအားပေးရန်သာ ရောက်နေခြင်းဖြစ်သည်။

အဖြူရောင်ဂါဝန်လေးနှင့်အပြာနုရောင်အပေါ်ထပ်ကုတ်အင်္ကျီလေးကိုတွဲဖက်ဝတ်ဆင်ထားသော ကုဆွေ့ဆွေ့လေးကအလွန်ချစ်ဖို့ကောင်းလှ၏။

ခဲ့ကျင်းယန်ကဆွေ့ဆွေ့၏ပခုံးကိုခပ်ဖွဖွပုတ်ရင်းအားပေးစကားဆိုလိုက်သည်။

"သိပ်ပြီးစိတ်မလှုပ်ရှားနဲ့နော်...ခေါင်းကိုမော့ပြီးခါးကိုမတ်နေအောင်ထား ကိုယ်ကအားလုံးရဲ့အထက်မှာရှိနေတဲ့ပုံစံမျိုးနဲ့နေ ပါပါးခဲ့ဆုယူတုန်းကလည်းအဲ့လိုပုံပဲ"

ကလေးငယ်ကို မဟုတ်ကဟုတ်ကများ သင်ပေးနေသော ခဲ့ကျင်းယန်ကိုကြည့်ရင်း လုယွမ်ကျစ်တစ်ယောက်ဆွံ့အနေမိသည်။

ထိုကလေးနှစ်ယောက်ကလိုက်လဲလိုက်ပါသည်။ ခဲ့ကျင်းယန်ကသူ့အတွေ့အကြုံများကိုအားတက်သရောပြောပြနေသလောက် ဆွေ့ဆွေ့ကလည်း အသည်းအသန်အာရုံစူးစိုက်ပြီးနားထောင်နေ၏။

တတွတ်တွတ်ပြောနေကြသောထိုနှစ်ယောက်ကြောင့် လုယွမ်ကျစ်မှာနားများပူလာသဖြင့်အပြင်သို့ထွက်လာခဲ့သည်။ ခဲ့ကျင်းယန်လည်း ဆွေ့ဆွေ့နှင့်အချိန်အတော်ကြာအောင်စကားပြောပြီး အာခေါင်ခြောက်လာရာ ရေသောက်ရန်ထသွားသည်။ ထိုစဥ်တစ်စုံတစ်ယောက်က အပြင်ဘက်မှတံခါးခေါက်လာသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now