ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

694 74 1
                                    

Chapter 114

"ဒီနေ့တော့...မင်းတစ်ယောက်တည်း ကုမ္ပဏီကိုသွားလိုက် ငါကဆွေ့ဆွေ့ကြော်ငြာရိုက်ကွင်းအတွက် အဖော်လိုက်ပေးရမှာ"

"ဟုတ်ပြီလေ...ခင်ဗျားကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး ကျွန်တော်က ကိုယ့်ဘာသာကိုယ်ဂရုစိုက်နိုင်တဲ့အသက်အရွယ်ရောက်နေပြီဆိုတာ ခင်ဗျားလေးမေ့နေရော့သလား"

ယနေ့မှာ ကုဆွေ့ဆွေ့အနေဖြင့်ပထမဆုံးကြော်ငြာရိုက်ကူးမည့်နေ့ဖြစ်သည်။ ထို့ကြောင့် ကိုယ်စားလှယ်ဖြစ်သည့် လုယွမ်ကျစ်က သူမကို အားပေးရန် အတူလိုက်ပါလာခြင်းဖြစ်သည်။ အနုပညာအတွေ့အကြုံနုနယ်သေးသည့် ကလေးကို ဂရုတစိုက်ညွှန်ကြားသင်ပြပေးရန် အလွန်အရေးကြီးသည်။ သို့သော် သူက ပြဿနာရှာနိုင်လွန်းသည့် အနှီကောင်စုတ်လေးကိုသာ ဆွေ့ဆွေ့ထက်ပို၍ စိတ်ပူနေရ၏။

ယနေ့ကြော်ငြာရိုက်ကွင်းကိုဘတ်ဂျက်အများအပြားသုံးထားသည့်အပြင် နာမည်ကျော်ပြင်သစ်ဒါရိုက်တာချားစ်ဂျော့်ချ်ကိုယ်တိုင် ရိုက်ကူးပေးမည်ဖြစ်သည်။

"ဦးဦးလု...ကြော်ငြာရိုက်ရတာက ပျော်စရာကောင်းလားဟင်"

ကုဆွေ့ဆွေ့က သိချင်စိတ်အပြည့်ဖြင့်မေးလာသည်။

"တကယ်တော့...ကြော်ငြာရိုက်တာက ရုပ်ရှင်ရိုက်တာနဲ့အတူတူပဲလေသမီးရဲ့ ဒါပေမဲ ကြော်ငြာရိုက်တဲ့အချိန်ကရုပ်ရှင်ရိုက်တဲ့အချိန်ထက်ပိုတိုတာမလို့ အဆင်ပြေပြေရိုက်နိုင်ရင် တစ်ရက်နှစ်ရက်ထဲနဲ့ရိုက်ကူးရေးပြီးသွားနိုင်တယ်"

လုယွမ်ကျစ်လည်း ကလေးငယ်နားလည်အောင် စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။

"အဲဒါအပြင်...ဝတ်စုံလှလှလေးတွေကိုလည်းအလှည့်ကျဝတ်ရမှာ ဆွေ့ဆွေ့လေးတော့ကြော်ငြာရိုက်ရင်အရမ်းလှနေတော့မှာပဲ"

လုယွမ်ကျစ်ကချီးကျူးလိုက်သောကြောင့် ဆွေ့ဆွေ့လေးမှာရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။

"အဲဒါဆိုရင်...ကြော်ငြာရိုက်ရတာပျော်စရာကြီးနေမယ်"

"ဒါပေါ့...အခုဦးပြောတာကိုသေချာနားထောင်နော် ခဏနေရိုက်ကူးရေးစရင် အရမ်းစိတ်မလှုပ်ရှားနဲ့နော် ဒါရိုက်တာဦးလေးကြီးပြောတဲ့အတိုင်းသေချာလိုက်လုပ်ရုံပဲ ရိုက်နေရင်းနဲ့အမှားလုပ်မိသွားရင်လည်းစိတ်မပူနဲ့ ထပ်ပြီးကြိုးစားလို့ရတယ် ကြားလား"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now