ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

719 74 0
                                    

Chapter 93

ဆိုင်ရှိမီနူးများထဲမှ အစပ်ဆုံးအမဲသားဟော့ပေါ့ကိုစားပါက ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရနိုင်ကြောင်းကြားသောအခါ ခဲ့ကျင်းယန်တစ်ယောက် အစပ်နည်းနည်းလေးစားလိုက်သည်နှင့်ချွေးပြန်လာတတ်သောသူ့ကိုယ်သူမေ့ကာ ရဲရဲကြီးပြောလိုက်သည်။ "အေးလေ...အမဲသားလေးတစ်ကိုက်လောက်ပဲစားရမဲ့ဟာကို...ဘာတွေများ အဲ့လောက်ထိခက်ခဲနေတာလေ...စိန်ခေါ်တယ်"။

ဟော့ပေါ့ဆိုင်၏စားပွဲထိုးလေးက သူ့အားပြုံးပြကာ ဆိုင်မှကြိုတင်ပြင်ဆင်ပေးထားသောဟော့ပေါ့အိုးကိုယူလာသည်။ ခဲ့ကျင်းယန်လည်း အမဲသားကို ယူလိုက်ပြီး အိုးထဲသို့မချင့်မရဲနှစ်ထားလိုက်သည်။ မိနစ်ဝက်ခန့်ကြာပြီးနောက် ကျက်လောက်ပြီဖြစ်သည့်အမဲသားကို အိုးထဲမှပြန်ဆယ်ယူလိုက်သည်။

မျက်စိမှိတ်ကာ ပါးစပ်ထဲတန်းထည့်လိုက်ချိန်တွင် စူးရှလှသောအရသာကြောင့် သီးမတတ်ဖြစ်သွားသည်။

အမဲသားထဲတွင်ပျော်ဝင်နေသည့်အစပ်အရသာက သူစားဖူးခဲ့သည့်အစပ်အရသာထက်ပင် ပိုဆိုးနေသေးသည်။ လည်ချောင်းကိုတစ်ယောက်ယောက်က ဆွဲညှစ်ထားသကဲ့သို့စပ်လွန်းသဖြင့်နာပါနာလာသည်။ အစပ်စားလေ့စားထမရှိသောသူ့အတွက် ပို၍ပင်ဆိုးဝါးကာ ခံစားချက်ကစကားလုံးများနှင့်ပင်မဖော်ပြတတ်တော့ချေ။

"ရေ...ကျွန်တော့်ကိုရေလေးပေးပါ"။ သူ့ပါးစပ်ထဲရှိအမဲသားကို ခဲ့ကျင်းယန်ထွေးထုတ်ပစ်လိုက်ချင်သော်လည်း သူကိုယ်တိုင်စိန်ခေါ်ထားမိကြောင်းကို ရုတ်တရက်သတိရသွားသည်။ စကားကြီးစကားကျယ်များပြောထားခဲ့သောကြောင့် ဒီတိုင်းထွေးထုတ်ပြီးအရှုံးပေးလိုက်လျှင် အရှက်ကွဲပေလိမ့်မည်။  အခြားသူများနှင့်ကလေးများကလည်း သူ့ကိုကြည့်နေသော

ကြောင့် ခဲ့ကျင်းယန်သိက္ခာကျမခံနိုင်ပေ။

"ဟားဟားဟား...ရီရလွန်းလို့အူတက်နေပြီ...ကျင်းယန်ရဲ့မျက်နှာကိုကြည့်လိုက်ဦး

အရမ်းစပ်သွားတာနေမယ်"။

"ငါ့ယောကျာ်းက...အဲ့မြို့မှာနေတာဆိုတော့..သွားလည်တိုင်း...အဲဒီစားသောက်ဆိုင်မှာဝင်ထိုင်ဖြစ်တယ်...ဒါပေမဲ့ဟော့ပေါ့ကိုတော့လက်လန်သွားတယ်...စပ်လိုက်တာမှ...ရေဘယ်လောက်သောက်သောက်အစပ်မပြေဘူးဟေ့"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now