ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

575 63 0
                                    

l
Chapter 137

တရုတ်ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကို နှစ်နှစ်တစ်ခါကျင်းပလေ့ရှိပြီး တရုတ်ပြည်မကြီး၏အဓိကရုပ်ရှင်ဆုပေးပွဲသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။

နိုဝင်ဘာနှစ်ရက်နေ့ နေ့လည်ဆယ့်နှစ်နာရီတွင် အကြိမ်လေးဆယ်မြောက် ရွှေကြက်ဖရုပ်ရှင်ပွဲတော်၏ သတင်းစာရှင်းလင်းပွဲကိုမြို့တော်ခန်းမတွင်ကျင်းပပြုလုပ်ပြီး ဆန်ကာတင်စာရင်းများကို တစ်ခါတည်းကြော်ငြာပေး၏။

ဆန်ကာတင်စာရင်းဝင်သည့် ရုပ်ရှင်ကားစုစုပေါင်း နှစ်ဆယ့်ရှစ်ကားရှိသည်။ ထိုအထဲတွင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်က အကောင်းဆုံးဓာတ်ပုံဆု ၊ အကောင်းဆုံးဒါရိုက်တာဆု ၊ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ၊ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆု ၊ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုစသည့်ဆုပေါင်းငါးဆုအထိ ဆန်ကာတင်စာရင်းဝင်ထားသည်။

ရုပ်ရှင်ပွဲတော်၏ဆန်ကာတင်စာရင်းများထွက်လာသည်နှင့် သတင်းမီဒီယာများက ချက်ချင်းပင် အွန်လိုင်းပေါ်တွင်အပြေးအလွှားချက်ချင်းတင်ကြသည်။ Weibo၏ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထိပ်ဆုံးတွင် အကြိမ်လေးဆယ်မြောက်ရွှေကြက်ဖရုပ်ရှင်ပွဲတော်နှင့်ပတ်သတ်သောအကြောင်းအရာများကနေရာယူထား၏။

သောကြာနေ့နံနက်တွင် ဆွေ့ဆွေ့ကိုမူကြိုကျောင်းသို့သွားပို့ရသည်။ သို့သော် ပိုပိုအေးလာသောရာသီဥတုကြောင့် ကလေးအတော်များများအအေးမိကြသည်။ အခြားကလေးများလည်းအဖျားကူးမည်စိုးသောကြောင့် ကျောင်းကိုတစ်ပတ်ခန့်ပိတ်လိုက်ရသည်။

ကိုယ်စားလှယ်လုယွမ်ကျစ်ထံမှ ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင် ဆွေ့ဆွေ့ဆန်ကာတင်စာရင်းဝင်ကြောင်းကြားလိုက်ရသောအခါ ဖုန့်ယောင်ချင်းမှာမယုံနိုင်ဖြစ်သွားရသည်။

"ကိုယ်စားဘှယ်ကြီးပြောတာအမှန်ပဲလားဟင်....ကျွန်မတို့ရဲ့ဆွေ့ဆွေ့လေးက တကယ်ပဲ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုအတွက်ဆန်ကာတင်စာရင်းဝင်တာလား"

"ဟုတ်ပါတယ်...အခုလောက်ဆိုရင် အဲဒီသတင်းက ဆိုရှယ်မီဒီယာတွေပေါ်မှာပြန့်နေရောပေါ့"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now