ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

671 73 1
                                    

Chapter 140

သူဌေးဖြစ်သူဆိုသည့် ဂုဏ်သိက္ခာကိုအဖတ်ဆယ်ရန် ချင်ဇီချန်းတစ်ယောက် ပထမတန်းစားဗီအိုင်ပီနားနေခန်းတွင် နေနေလိုက်သည်။ သူ့မျက်နှာဖုံးကို မချွတ်ရဲသေးသောကြောင့် တင်းတင်းကျပ်ကျပ်ဖုံးအုပ်ထားသည်။

လေယာဥ်ပေါ်တွင် ပထမတန်းစားခရီးသည်များအတွက် အထူးတလှယ်ပြင်ဆင်ပေးထားသော အစားအသောက်များကိုပင် တစ်စက်ကလေးမှမတို့မထိဘဲ သတိကြီးစွာဖြင့်နေနေမိသည်။

နေ့လည်ငါးနာရီခန့်တွင် လေယာဥ်က Yမြို့လေဆိပ်တွင် အချိန်မီဆိုက်ရောက်၏။

တရုတ်နိုင်ငံ၏ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကို Yမြို့တော်ရှိ နိုင်ငံတကာညီလာခံနှင့်ဗဟိုအနုပညာပြခန်းကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ကုဆွေ့ဆွေ့တည်းခိုသည့်နေရာမှာ ပွဲကျင်းပမည့်နေရာနှင့် အနီးဆုံးတွင်ရှိနေသော ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်သည်။ ပွဲတက်ရောက်မည့် အနုပညာရှင်အတော်များများလည်း ထိုဟိုတယ်တွင် တည်းခိုကြသည်။

အနုပညာရှင်များအပြင်ပါပါရာဇီများနှင့်ပရိသတ်အချို့လည်း ဤဟိုတယ်တွင်လာရောက်တည်းခိုကြသည်။ နာမည်ကျော်အနုပညာရှင်များဟိုတယ်သို့မရောက်လာခင် ပါပါရာဇီများနှင့်ပရိသတ်များက ဟိုတယ်ဝင်ပေါက်မှ ကင်မရာများ၊ ဆိုင်းဘုတ်များကိုင်ကာ အသင့်အနေအထားဖြင့်စောင့်ဆိုင်းနေကြသည်။ သို့သော် မြေအောက်ကားပါကင်မှဟိုတယ်နားနေခန်းအထိ တိုက်ရိုက်ဆက်သွယ်ထားသောဓာတ်လှေကားရှိသောကြောင့် ထိုလူများကိုတွေ့စရာမလိုဘဲ မိမိအခန်းသို့တန်းသွားလို့ရသည်။

"သခင်လေးချင်...သခင်လေးအတွက်ကျွန်မတို့အခန်းပြင်ဆက်ထားပြီးပါပြီ သုံးဆယ့်နှစ်ထပ်မှာပါ ဒီမှာသခင်လေးရဲ့အခန်းသော့"

တိုက်တိုက်ဆိုင်ဆိုင် ဤဟိုတယ်ကလည်း ချင်အုပ်စုပိုင်ဆိုင်မှုလုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ ထို့ကြောင့် ချင်သခင်လေးကိုအနုပညာရှင်အကျော်အမော်များထက်ပင် လိုလေသေးမရှိပိုမိုဂရုစိုက်ပေးကြခြင်းဖြစ်သည်။

ချင်ဇီချန်းတစ်ယောက် အခြားသူများ၏အခန်းနံပါတ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည့်အခါ သူ့အခန်းနံပါတ်နှင့်ဝင်ရိုးစွန်းနှစ်ခုလိုဝေးကွာနေသည်ကိုတွေ့လိုက်ရ၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now