ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

834 100 0
                                    

Chapter 17

သူ(မ)နောက်ဆုံးတော့ အိမ်ပြန်နိုင်ခဲ့ပြီ။

"ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီး၏ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးသောအစားအသောက်များနှင့် တည်းခိုစရာနေရာအားလုံးက အတော်အလေးကောင်းမွန်လှသော်လည်း ကိုယ့်အိမ်ကိုယ်ရာလောက်တော့ သက်တောင့်သက်သာမရှိနိုင်ပေ။

ဖုန်းယောက်ချင်းက ဟိုတယ်သို့ပြန်လာပြီး သူ(မ)နှင့်သူ(မ)သမီးဆွေ့ဆွေ့တို့၏ ပစ္စည်းပစ္စယများကို ဘူးအကြီးတစ်ခုအတွင်းသို့ထည့်ကာ ထုပ်ပိုးလိုက်သည်။ မြို့တော်သို့ပြန်ရန်

ပထမတန်းစားအမြန်ရထားကို သူ(မ)ကြိုတင်မှာယူထားသည်။ ညနေပိုင်း ခြောက်နာရီဆယ်မိနစ်ခန့်တွင် ရထားထွက်ပြီး မြို့တော်အနောက်ပိုင်းဘူတာရုံကို တစ်နာရီအတွင်းဆိုက်မည်ဖြစ်သည်။

"ဆွေ့ဆွေ့အမေ......ကျွန်မလက်ထောက်နဲ့ ရထားဘူတာဆီ မောင်းပို့ခိုင်းလိုက်ပါ့မယ်"။

ကုဆွေ့ဆွေ့တို့ ဤနေ့ညနေထွက်ခွာမည်ကို ဖူရင်းယွီသိပြီးနောက် ကလေးငယ််နှင့်နောက်ဆုံးအကြိမ်ဖြစ်ဖြစ်တွေ့ရန် သူ(မ)ဆုံးဖြတ်လိုက်သည်။

သရုပ်ဆောင်တစ်ယောက်က မိတ်ဆွေအပေါင်းအသင်း ၊ မိသားစုများနှင့်အတူတွေ့ဆုံပျော်ပါးရန် အခွင့်အရေးနည်းပါးလွန်းလှသည်။ နာမည်ကြီးလာလေလေ အလုပ်ပိုများလေလေပင်။ ရိုက်ကူးရေးအဖွဲ့ထဲရှိ ဝန်ထမ်းအနည်းငယ်နှင့်မှလွဲ၍ ဤနှစ်အတွင်း မိသားစုဝင်များကိုပင် သူ(မ)မတွေ့ရသေးပေ။

ဤတစ်ခေါက်တွင်ကုဆွေ့ဆွေ့နှင့်ခွဲခွာပြီးနောက် မည်သည့်အချိန်တွင်မှ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံရမည်ကို မပြောတတ်ချေ။

ဖုန်းယောက်ချင်းကပြုံးပြီးပြောသည်။

"မဟုတ္တာ....ရပါတယ်....မစ္စစ်ဖူရယ်....ကျွန်မတို့မှာ အထုပ်အပိုးတွေသိပ်မပါဘူး....ကိုယ့်ဘာသာကိုယ် တက္ကစီစီးသွားလို့ရပါတယ်ရှင်"။

ကုဆွေ့ဆွေ့က အရာရာကိုလျှို့ဝှက်မထားတတ်သော ကလေးငယ်ဖြစ်သည်။ ရိုက်ကွင်းပေါ်တွင် မည်သူကသူ(မ)အားအရသာရှိသောအစားအသောက်များဝယ်ကျေွးသည် ၊ မည်သူကတော့ သူ(မ)အားကောင်းမွန်စွာဆက်ဆံသည် စသဖြင့် ဘာတစ်ခုကိုမှမထိမ်မဝှက်ပဲ သူ(မ)၏မိခင်အား အမြဲတစေပြောပြလေ့ရှိသူဖြစ်သည်။ ထို့ကြောင့် သူ(မ)သမီးကို အရေးပေးဆက်ဆံသော ဖူရင်းယွီကို သူ(မ)သိပါသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now