ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

879 90 0
                                    

Chapter 34

"ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဉ်၏ ပထမဆုံးအပိုင်းကို လွန်ခဲ့သည့်အခေါက်က ဆီရွှေ့ရှေးဟောင်းမြို့ သဘာဝပဒသာနေရာတွင် ရိုက်ကူးသောအခါ အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။ ထို့ကြောင့်အစီအစဉ်၏ ဒုတိယအပိုင်းရိုက်ကူးရေးနေရာကို လူဦးရေကျဲသော တောင်ခြေရွာငယ်လေးသို့ တမင်တကာပြောင်းလဲလိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ....ကျွန်မက ဖန်ဇီရွာရဲ့ ယာယီခေါင်းဆောင် ထျန်းထျန်းပါ"။ ဧည့်သည်များရှေ့တွင်ရပ်နေသောသူမှာ သစ်သီးစခန်း၏ပိုင်ရှင် အထူးဧည့်သည် ထျန်းထျန်းဖြစ်သည်။

သူ(မ)က ပရိသတ်များ၏စိတ်ခံစားချက်ပိုင်းဆိုင်ရာပြဿနာများကို အထူးဖြေရှင်းပေးရန် တာဝန်ယူထားသော "လမင်းကြီး၏အသံ" ဟုလူသိများသည့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ အစီအစဉ်ကို ဦးဆောင်သူတစ်ဦးဖြစ်သည်။ သူ(မ)က နူးညံ့သိမ်မွေ့ပြီး စေတနာကောင်းပုံပေါ်ကာ စကားပြောကောင်းသောကြောင့် သူ(မ)အစီအစဉ်၏ ကြည့်ရှုနှုန်းက အမြဲလိုလိုကောင်းပြီး ယုံကြည်မှုရှိသောအစ်မကြီးအဖြစ် လူသိများသည်။

"အရင်တစ်ခေါက်တုန်းကနဲ့အတူတူပါပဲ....လူတိုင်းအတွက်ရွာထဲမှာ အိမ္တစ္ကေန အိမ်ငါးအထိ မတူတဲ့အိမ်ငါးအိမ်ကျွန်မတို့ပြင်ပေးထားပါတယ်....အိမ်တစ်အိမ်ချင်းစီရဲ့အခြေအနေကလည်း ကွာခြားပါတယ်.....အိမ်နံပါတ်တစ်ရဲ့အခြေအနေကအကောင်းဆုံးဖြစ်ပြီး အိမ်နံပါတ်ငါးကတော့ အဆိုးဆုံးပါ"။

ယခင်ကသူတို့အစီအစဉ်ရိုက်ကူးရေးလုပ်ခဲ့သော စီရွှမ်ရှေးဟောင်းမြို့တော်နှင့်ယှဉ်လျှင် ဖန်ဇီရွာကလေး၏ နေရာထိုင်ခင်းက ကောင်းမွန်လွန်းနေပြီဖြစ်သည်။ ဖန်ဇီရွာရှိ အကောင်းဆုံးအိမ် နံပါတ်တစ်မှာ ကြမ်းပြင်ကိုကြွေပြားခင်းထားပြီး အဆိုးဆုံးအိမ်နံပါတ်ငါးမှာမူ သာမညအိမ်မျိုးသာဖြစ်သည်။

"အိမ်တွေဘယ်လိုပုံစံရှိသလဲဆိုတာကိုတော့ အချိန်တစ်ခုမရောက်ခင်အထိ ကျွန်မလျှို့ဝှပ်ထားလိုက်ပါ့မယ်....ပြီးတော့နောက်တစ်ဆင့်မစခင်မှာ တစ်ဖွဲ့ချင်းစီအတွက်နေစရာအိမ်အရင်ခွဲထားကြဦးပေါ့"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now