ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

641 72 0
                                    

Chapter 119

ကုဆွေ့ဆွေ့အနေဖြင့် ဖခင်ဖြစ်သူ၏အမည်ကို မိခင်ထံမှ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။

"မေမေ...ဖေဖေ့ရဲ့နာမည်ကအရမ်းမိုက်တာပဲ သမီးဖေဖေ့ရဲ့နာမည်ကိုသဘောကျတယ်"

ကုဆွေ့ဆွေ့က ပြုံးရင်းအလွန်သဘောကျနှစ်ခြိုက်စွာပြောလိုက်သည်။

သူမ၏မျက်ဝန်းလေးများက မျှော်လင့်ရောင်ခြည်များဖြင့် တဖိတ်ဖိတ်တောက်နေသည်။

"ဆွေ့ဆွေ့...သမီးရဲ့နာမည်လေးလည်းလှပါတယ် သမီးနာမည်ကိုဖေဖေမှည့်ပေးထားတာလေ ကုဆွေ့ဆွေ့ဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်က မျှော်လင့်ချက်တဲ့လေ"

ကုကျန်းနျန်သာသူမတို့သားအမိကိုထားပြီးထွက်မသွားခဲ့ပါလျှင် ယခုအချိန်လောက်ဆိုမိသားစုပြည့်ပြည့်စုံစုံနှင့်နေနေရလောက်သည်။ တစ်ကိုယ်တော်မိခင်ဖြစ်ခဲ့ရသည့်လွန်ခဲ့သောသုံးနှစ်လုံးလုံး အရှုံးပေးလက်လျှော့လိုက်ရန် ဖုန့်ယောင်ချင်းအကြိမ်ကြိမ်တွေးခဲ့ဖူးသည်။ သို့သော် ချစ်စဖွယ်ကောင်းလွန်းကာအပြစ်ကင်းစင်သောကလေးငယ်ကိုကြည့်တိုင်း အားအင်သစ်များတစ်ဖန်ပြန်ရလာတတ်၏။

ဆွေ့ဆွေ့ကြောင့်သာ ဒီနေ့ဒီအချိန်အထိသူမရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်။

"ဆွေ့ဆွေ့...သမီးအဖေလိုချင်လား"

ဖုန့်ယောင်ချင်း၏အသံက အနည်းငယ်တုန်ယင်ကာကွဲရှနေသည်။

ဆွေ့ဆွေ့တစ်ယောက် ထိုမေးခွန်းကြောင့်တစ်ခဏမျှတုံ့ဆိုင်းသွားသော်လည်း အမှန်အတိုင်းသာပြန်ဖြေလိုက်၏။

"ဟုတ်...လိုချင်ပါတယ်...မေမေ"

ဖုန့်ယောင်ချင်း၏မျက်ဝန်းများမှာ ငွေ့ရည်ဖွဲ့ကာတဖြေးဖြေးစိုစွတ်လာသည်။ သူမစိတ်ကို အစွန်းဆုံထိလျှော့ချပြီးဆွေ့ဆွေ့အားစေ့စေ့စိုက်ကြည့်ကာပြောလိုက်သည်။

"သမီးဖေဖေက...မေမေတို့ကိုထားသွားပြီ..သူပြန်မလာတော့ဘူး"

လွန်ခဲ့သောနှစ်လလောက်က ကုကျန်းနျန်နှင့်ပတ်သတ်သောအရာအားလုံးကိုမေ့ပစ်ရန် ဖုန့်ယောင်ချင်းတွေးလိုက်မိသည်။ သူနှင့်ပတ်သတ်သောအမှတ်တရပစ္စည်းများအားလုံးကိုလည်း လွှင့်ပစ်လိုက်သည်။ ဖုန်းနံပါတ်အဟောင်းကိုလည်း ဖျက်ပစ်လိုက်သည်။ သူပြန်လာမည်ဟူသောမျှော်လင့်ချိန်လက်ကျန်လေးလည်းပျက်ပျယ်သွားခဲ့သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now