ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

807 88 0
                                    

Chapter 25

"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ရိုက်ကွင်းနေရာအချို့က ပြည်သူပိုင်နေရာများဖြစ်သည်။ စီရွှမ်မြို့ဟောင်းက တိုင်းပြည်တစ်ခုလုံးတွင် အဆင့် 5A ရှိသည့်ခရီးသွားများကို ဆွဲဆောင်နိုင်သောနေရာတစ်ခုဖြစ်သည်။ ယနေ့တွင်လည်း လာရောက်လည်ပတ်သူခရီးသွားအများအပြားရှိနေသည်။ ရိုက်ကွင်းနေရာကို အစောင့်အကြပ်များဖြင့် သေသေချာချာဝန်းရံထားသော်လည်း ပြဿနာရှိနေသေးသည်။ ဖြတ်သွားဖြတ်လာအများစုက သူတို့ကို တိတ်တဆိတ်ဓာတ်ပုံရိုက်ယူသွားကြသည်။

ထိုနေ့ညတွင် ရိုက်ကွင်းပုံများကို ပရိသတ်များက ဆိုရှယ်မီဒီယာပေါ်တွင်ဖြန့်လိုက်သည်။ ဤတစ်ခေါက်တွင် ပန်းခြံရိုက်ကွင်းတုန်းကထက် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။

နောက်နေ့မနက်အစောတွင် "ရသစုံရှိုးရိုက်ကူးနေဟန်ရှိသည့်ခဲ့ကျင်းယန်" ဟူသောသတင်းက

စီရွှမ်တစ်မြို့လုံးတွင်ပြန့်သွားပြီး ဝေဘိုတွင်လည်း ရေပန်းအစားဆုံးထိပ်တန်းအကြောင်းအရာငါးခုထဲတွင် ဝင်သွားသည်။

"ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးကိုရိုက်ကူးနေသည့် ဖူရင်းယွီလည်း ထိုသတင်းကိုသေချာပေါက်ကြားမိသည်။ အစပိုင်းတွင် ဖူရင်းယွီ ထိုအကြောင်းကိုလုံးဝဂရုမစိုက်ပေ။ သတင်းကိုကျော်သွားမည်အပြုတွင် ထိုရိုက်ကွင်းပုံများထဲတွင် ရင်းနှီးနေသည့်ပုံရိပ်လေးကို သူ(မ)တွေ့လိုက်ရသည်။

ခဲ့ကျင်းယန်ဘေးတွင်ရပ်နေသည့် ခေါင်းလုံးလုံးနှင့်ကလေးမလေးက ကုဆွေ့ဆွေ့မဟုတ်လား။

ထိုကေလးမေလးက ရသစုံရှိုးရိုက်ကူးသည်တဲ့လား။ ထို့အပြင် ခဲ့ကျင်းယန်နှင့်အတူရိုက်ကူးခြင်းဖြစ်သည်။

ထိုသတင်းမှာ ဆိုရှယ်မီဒီယာတစ်ခွင်လုံးတွင် ပွထနေပြီး ပရိသတ်များကလည်းအမျိုးမျိုးဝေဖန်သုံးသပ်ချက်များပေးနေကြသည်။ ခဲ့ကျင်းယန်

နှင့်လက်တွဲပြီး ရပ်နေသည့်ကလေးမမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုလည်း ပြောဆိုနေကြသေးသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now