ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

792 106 1
                                    

Chapter 27

"တစ်ခုစီကိုလက်ထဲမှာသေချာကိုင်ထား.....ငါ့နောက်ကို ကောင်းကောင်းလိုက်ခဲ့....လျှောက်မပြေးနဲ့နော်...."။ ဆီဘူးနှစ်ဘူးကိုင်ထားသည့် ခဲ့ကျင်းယန်က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာသည်။

သို့သော် ထိုကလေးနှစ်ယောက်က သူ့သတိပေးစကားကို ကြောက်လန့်သွားပုံလည်းမပေါ်ပေ။ နှစ်ယောက်စလုံးခေါင်းလေးစောင်းကာ သူ့ကိုကြည့်လာပြီး မျက်ဝန်းများကလခြမ်းကွေးသဏ္႑ာန်ကိုင်းညွှတ်သွားကာ ရူးကြောင်ကြောင်နှင့် သူ့ကိုလာပြုံးပြနေကြသည်။

ခဲ့ကျင်းယန်: "......"

ကလေးတစ်ယောက်ကိုထိန်းရသည်ပင် ဒုက္ခများလွန်းလှပြီဟု သူတွေးနေခဲ့သေးသည်။ သို့သော်ကလေးနှစ်ယောက်ကို တစ်ခါတည်းထိန်းကျောင်းရမည်မှန်း မည်သည့်အခါမှသူ့အတွေးထဲတွင်မရှိခဲ့ဖူးပေ။

ရုတ်တရက်ဆိုသလို ခဲ့ကျင်းယန်အလွန်နောင်တရမိသွားသည်။ သူဘာကြောင့် ထိုကလေးနှစ်ယောက်ကို အတူခေါ်ဖို့သဘောတူခဲ့မိသနည်း။ သို့သော် ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်လည်း အတူလိုက်လာသောကြောင့်

လမ်းပျောက်မည်ကိုတော့ စိုးရိမ်စရာမရှိပေ။

"ပါပါးခဲ့....အဲဒီဟာကေလ....အရမ်းကိုအရသာရှိမဲ့ပုံပဲ....သမီးစားကြည့်ချင်တယ်"။ အစားအသောက်အနံ့ရလိုက်သည်နှင့် ကုဆွေ့ဆွေ့က ထုံးစံအတိုင်းခဲ့ကျင်းယန်ကို အပူကပ်လာပြန်သည်။ နှာခေါင်းလေးတရှုံ့ရှုံ့နှင့် ခွေးပေါက်လေးလိုအနံ့ခံရင်း မလှမ်းမကမ်းတွင်ရှိ

သည့်ဈေးဆိုင်လေးကို လက်ညှိုးထိုးပြလာသည်။

"သားလည်းစားချင်တယ်"။ လင်းတုံတုံက ကုဆွေ့ဆွေ့နောက်ကိုသံယောင်လိုက်ရင်း ခဲ့ကျင်းယန်ကို အူကြောင်ကြောင်နှင့်ပြောလာသည်။

ခဲ့ကျင်းယန်က ကန်စွန်းဥဖုတ်များရောင်းသည့်ဈေးဆိုင်လေးကိုကြည့်ပြီး ကလေးနှစ်ယောက်ကိုပြောလိုက်သည်။ "ဝယ္လို့မရဘူး.....ငါတို့မွာ ပိုက်ဆံမရှိဘူးလေ"။ သူတို့အားလုံး၏ ပိုက်ဆံအိတ်များနှင့် ဖုန်းများကိုရိုက်ကူးရေးအဖွဲ့က သိမ်းထားသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now