ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

566 62 0
                                    

Chapter 136

ကုဆွေ့ဆွေ့၏လေးနှစ်ပြည့်မွေးနေ့က အလွန်ပျော်ရွှင်ဖွယ်ကောင်းလှသည်။

စားကောင်းသောက်ဖွယ်များစိတ်ကြိုက်စားရသည်။ မွေးနေ့လက်ဆောင်များဖွင့်ဖောက်ရသည်။ စျေးဝယ်စင်တာလည်းသွားရသည်။ ယနေ့တွင်လည်း မမယင်းယွီထံမှ မွေးနေ့လက်ဆောင်ရလာသေး၏။

ကုဆွေ့ဆွေ့က အလှအပကြိုက်သောကလေးဖြစ်သည်။ အရာဝတ္ထုပစ္စည်းလှလှလေးများမှစ၍ ကိုကိုမမချောချောလှလှလေးများကိုလည်း အလွန်သဘောကျသည်။

အထူးသဖြင့် မမယင်းယွီကိုယ်တိုင်ပို့ပေးသော လက်ဆောင်ဖြစ်သောကြောင့် အထူးပင်သဘောကျနှစ်ခြိုက်မိသည်။

ဒါရိုက်တာလုကျန်းဟွေကလည်း ဆွေ့ဆွေ့ကိုနေ့တစ်ဝက်ပေးနားသည်။ မနားခင်တွင် 'လမ်းကြားလေး' ဇာတ်လမ်းတွဲကိုအပြေးအလွှား ရိုက်ကူးရသေးသည်။

အောက်တိုဘာလလယ်ခန့်တွင်ဆွေ့ဆွေ့၏ရိုက်ကူးရေးပြီးဆုံးသွားသည်။

ရွှီယွင့်အာနှင့်ကျောင်းဟွေ့က ဆွေ့ဆွေ့ထက်တစ်ပတ်နောက်ကျမှပြီးသောကြောင့် သူမက ရိုက်ကူးရေးအဖွဲ့မှ တစ်ယောက်တည်းအရင်ဆုံးထွက်သွားရသည်။ သို့သော် အချင်းချင်းဖုန်းနံပါတ်အလဲအလှယ်လုပ်ထားကြသောကြောင့် ဤအတောအတွင်းအဆက်အသွယ်မပြတ်ခဲ့ကြပေ။

နိုဝင်ဘာလအစောပိုင်းတွင် ကုဆွေ့ဆွေ့ပါဝင်ရိုက်ကူးထားသော 'တစ်ရက်တာမတော်တဆတွေ့ဆုံခြင်း' ဟူသည့်အပိုင်းတိုဇာတ်လမ်းတွဲလေးထွက်လာသည်။

လုယွမ်ကျစ်အနေနှင့် သူ့အနုပညာရှင်များကို ထိုသို့သောအရည်အသွေးနိမ့်ဇာတ်လမ်းတွဲမျိုးတွင်ပါဝင်ရိုက်ကူးခိုင်းလေ့မရှိသော်လည်း ဇာတ်ညွှန်းကကောင်းလွန်းပြီး ထိုဇာတ်လမ်းတွဲတွင်သုံးထားသောတက်သစ်စသရုပ်ဆောင်များကအလွန်အရည်အချင်းရှိကြသလို ဒါရိုက်တာကောဖုန်းလင်၏ဦးဆောင်နိုင်စွမ်းကလည်း မခေလှသောကြောင့်သာ ဆွေ့ဆွေ့ကိုခွင့်ပြုပေးလိုက်ခြင်းဖြစ်၏။

သို့သော် ဤသို့သောဇာတ်လမ်းတွဲမျိုးက အာရုံစိုက်ခံရလေ့မရှိသောကြောင့် လုယွမ်ကျစ်လည်း သူ့အရှိန်အဝါနှင့်အချိတ်အဆက်ကိုသုံးပြီး ဇာတ်လမ်းတွဲကိုပရိသတ်များအာရုံစိုက်လာအောင်တစ်ဖက်တစ်လမ်းမှကူညီပေးရသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now