ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

877 99 0
                                    

Chapter 10

"အင်း အင်း ငါသိပြီ"

ဖုန်းယောက်ချင်းကဖုန်းချလိုက်ပြီး ဇာတ်ကောင်နေရာကအမှန်တကယ်ပင်ရွေးချယ်ပြီးကြောင်းကိုသိသွားသောအခါ အလွန့်အလွန်ဒေါသထွက်မိသည်။ သို့သော် သူ(မ)လည်း ဘာမှမတတ်နိုင်ပေ။

သူ(မ)တို့သားအမိအား ကျောထောက်နောက်ခံလုံးဝမရှိပဲ သာမာန်လူကဲ့သို့ဖြစ်အောင် မည်သူကများလုပ်လိုက်သနည်း။

ဤတစ်ခေါက်တွင် လူရွေးပွဲအခွင့်အရေးကောင်းတစ်ခုအားသတိမပေးပဲ ပယ်ဖျက်လိုက်သည်ကိုပြောနေစရာပင်မလိုပေ။ သို့သော် လူရွေးပွဲအောင်ပြီးနောက် ရိုက်ကူးရေးမတိုင်ခင်တစ်ရက်တွင် ရုတ်တရက်အခြားတစ်ယောက်နှင့်အစားထိုးပစ်လိုက်သည်က ဤနယ်ပယ်တွင်မကြားဖူးပေ။

ဤနယ်ပယ်တွင်မြဲကာ အောင်မြင်ကျော်ကြားလိုလျှင် ဖုန်းယောက်ချင်းတို့ကဲ့သို့ကျောထောက်နောက်ခံနှင့် ဂုဏ်သတင်းမရှိသောသူများက အနာဂတ်တွင် ဆိုးရွားသောအရာအမြောက်အမြားနှင့်တွေ့ကြုံရမည်ကို သူ(မ)ပိုမိုနားလည်လိုက်ရသည်။ အရာအားလုံးကိုသူ(မ)လိုက်ပြီးဂရုစိုက်နေရလျှင် သမီးလေးအောင်မြင်သည်ကိုမမြင်ရခင် သူ(မ)သေသွားလိမ့်မည်။

ဖုန်းယောက်ချင်းကအသက်ပြင်းပြင်းရှုလိုက်ပြီး ဖြစ်ပျက်သမျှကို ဘာမှမသိနားမလည်သောသမီးလေးကိုကြည့်လိုက်သည်။ သူ(မ)စကားလုံးစီကာပြောလိုက်သည်။ "ဆွေ့ဆွေ့ ဒီတစ်ခေါက်ကတော့မေ့မေ့အမှားပါ ၊ အခြေအနေနဲ့ပတ်သတ်ပြီး မေမေကြိုမစုံစမ်းလိုက်မိဘူး ၊ သမီးရဲ့ဇာတ်ကောင်နေရာကို အယူခံလိုက်ရပြီ ၊ အဲဒါကြောင့် နောက်ကျရင်မေမေသမီးအတွက် နောက်ထပ်ဇာတ်ကောင်နေရာရှာပေးပါ့မယ် ၊ ဟုတ်ပြီလား?"

လူကြီးများအနေနှင့်သူတို့သိထားသောအရာများကို အသက်သုံးနှစ်အရွယ်ကလေးတစ်ယောက်က နားမလည်နိုင်ဟု မဆိုလိုပေ။ သူ(မ)သမီးသာသိသွားလျှင်ဝမ်းနည်းနေမည်ကို ဖုန်းယောက်ချင်းစိုးရိမ်နေမိသည်။

ဆွေ့ဆွေ့၏ရှေ့တွင်ဖုန်းယောက်ချင်းက သူ(မ)၏စိတ်ခံစားချက်အတက်အကျများကို ဖုံးကွယ်ရန်အကောင်းဆုံးကြိုးစားနေသော်လည်း ကုတွေ့ဆွေ့ကသတိထားမိဆဲပင်။ သူ(မ)က ဝါဖျော့ဖျော့မျက်ဝန်းလှလှလေးများကို ပေကလတ် ပေကလက်လုပ်လိုက်ရင်း နားမလည်နိုင်စွာမေးလာသည်။ "သမီးလူရွေးပွဲဝင်ပြိုင်တဲ့ ဇာတ်ကောင်နေရာကြောင့် မေမေစိတ်ညစ်နေတာလား? သမီးအဆင်ပြေပါတယ် မေမေ ၊ အဲ့ဇာတ်ကောင်နေရာမရရင်လည်း ပိုပြီးကောင်းတဲ့ဟာရှိဦးမှာပါ"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now