ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

462 48 0
                                    

160
Zack Z.U.May 04, 2023
Chapter 160



အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားသည်။ တစ်လဆိုသောအချိန်က မျက်စိတစ်မှိတ်အတွင်း မြန်ဆန်စွာကုန်ဆုံးသွားပြန်၏။

ဒီဇင်ဘာနှောင်းပိုင်းတွင် ဆောင်းရာသီ၏အအေးဓာတ်မှာ ပို၍လွန်ကဲလာသည်။

တစ်ချိန်တည်းမှာပင် ဆွေ့ဆွေ့ပါဝင်သရုပ်ဆောင်ထားသော 'ပါးကိုက်နားကိုက်' ရုပ်ရှင်ကားကြီးက နွေဦးရာသီအစပိုင်းဖေဖော်ဝါရီလခန့်တွင် ရုံတင်ပြသရန်စီစဥ်ထားကြသည်။

ရုပ်ရှင်အပြီးသတ်မှုကို​ကြော်ငြာလိုက်သည်နှင့် ပရိုမိုးရှင်းများအင်တာဗျူးများဖြင့် ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး အလုပ်ရှုပ်ကုန်တော့သည်။

ဆွေ့ဆွေ့တစ်ယောက် မမဖုကိုပြန်တွေ့သောအခါ သူမ၏ပုံစံက ယခင်တစ်ခေါက်အိမ်လာတုန်းကထက် ပို၍အဆင်ပြေနေပုံရသည်။

"မမယင်းယွီ...မမရဲ့အဖေနေပြန်ကောင်းသွားပြီလား"

ကလေးငယ်၏မေးခွန်းကြောင့် ဖုယင်းယွီခေတ္တမျှကြောင်အသွားရသည်။ သူ်၏ ဖခင်ဖြစ်သူနေမကောင်းသည်ကို ကလေးငယ်ကဘယ်လိုသိတာပါလိမ့်။ ကုကျန်းနျန်ပြောပြထားတာဖြစ်နိုင်သည်။

သို့သော်များများစားစားတွေးမနေဘဲ အပြုံးလေးဖြင့်ပြန်ဖြေလိုက်၏။

"စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် သူအခုအများကြီးပိုကောင်းလာပါပြီ"

သူမ၏ဖခင်က အနည်းငယ်ပြန်ကောင်းလာပြီး ဆေးရုံမှဆင်းရပြီဖြစ်သော်လည်း သေနတ်မှန်ထားသည့်ညာဘက်ခြေထောက်ကကျောက်ပတ်တီးမဖြည်ရသေးသလို ဖြည်ပြီးလျှင်လည်း လမ်းကောင်းကောင်းလျှောက်နိုင်ဦးမည်မဟုတ်ကြောင်း ဆရာဝန်ကပြောလာသည်။

ဖုယင်းယွီတစ်ယောက်ထိုအကြောင်းကိုကြားကြားချင်း စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ရှေ့လျှောက်တွင်အန္တရာယ်ကင်းကင်းနှင့်နေနိုင်မည် မဟုတ်လား။

နိုင်ငံ့အတွက် လုံလုံလောက်လောက်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် သူ့ကိုယ်ပိုင်ဘဝကိုအာရုံစိုက်ဖို့အချိန်ရောက်လာပြီ မဟုတ်လား။ အသက်အရွယ်လည်းကြီးနေပြီဖြစ်သောကြောင့် နားနားနေနေအေးအေးလူလူနေသင့်နေပြီဖြစ်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now