ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

602 67 0
                                    

Chapter 134

နေ့လည်ပိုင်းတွင် ဖုန်းယောက်ချင်းက ဆွေ့ဆွေ့ကို စျေးဝယ်စင်တာသို့ အဝတ်အစားများ အခြားအသုံးအဆောင်ပစ္စည်းများနှင့်ကုန်ခြောက်များဝယ်ရန် ခေါ်သွားသည်။

"မေမေ...ဒီနေ့သမီးမွေးနေ့ကအရမ်းပျော်ဖို့ကောင်းတယ်နော်"

ရွှင်မြူးနေသော ကလေးငယ်က ခေါင်းကလေးမော်ချီကာပြောလာသည်။

ဖုန့်ယောင်ချင်းက ပြုံးရင်းပြန်ဖြေ၏။

"ဒါပေါ့...မွေးနေ့မှာပျော်ပျော်နေသင့်တယ်...ဒီနေ့တစ်ရက်တော့ သမီးကိုမေမေအလိုလိုက်ပေးမယ်"

တစ်ရက်လုံးအူမြူးနေသော ဆွေ့ဆွေ့လေးက ကားပေါ်သို့ချက်ချင်းပြေးတက်သည်။ အပြန်လမ်းတွင် ဖုန့်ယောင်ချင်းက လတ်လတ်ဆတ်ဆတ်သစ်သီးဝလံများ ဝင်ဝယ်သေးသည်။ ထိုသစ်သီးဆိုင်မှာ သူမရံဖန်ရံခါ ဝယ်ယူအားပေးနေကျဆိုင်လေးဖြစ်သည်။ ၎င်းဆိုင်ရှိအသီးအနှံများက လတ်ဆတ်သန့်ရှင်း

သည့်အပြင် စျေးလည်းသက်သာသောကြောင့် သူမက ပုံမှန်ဖောက်သည်တစ်ဦးဖြစ်လာ၏။

သားအမိနှစ်ယောက်စျေးဝယ်ပြီးအိမ်ပြန်ရောက်သွားချိန်တွင်ညနေငါးနာရီပင်ထိုးလုနေပြီ။ ဆွေ့ဆွေ့၏မွေးနေ့လက်ဆောင်များမှာလည်း တစ်ခုပြီးတစ်ခုရောက်လာသည်။ ထို့အပြင်ပရိသတ်များမှဆွေ့ဆွေ့အတွက်ပြင်ဆင်ပေးထားသောလက်ဆောင်များကို ရှန်ယွမ်ကိုယ်တိုင်ကုမ္ပဏီသွားပြီးကားနှင့်သယ်လာခဲ့သည်။ လက်ဆောင်များမှာများလွန်းသောကြောင့် တောင်လိုယာလိုပုံနေသည်။

လုချီကရိုက်ကူးရေးကြောင့် ဆွေ့ဆွေ့၏မွေးနေ့သို့လူကိုယ်တိုင်မလာနိုင်ပေ။ ဖုယင်းယွီကလည်း ခရီးထွက်နေရသောကြောင့်နောက်ကျမှပြန်ရောက်လာနိုင်သည်။ ထို့ကြောင့် သူတို့နှစ်ဦးလုံး၏ ဆွေ့ဆွေ့အတွက်မွေးနေ့လက်ဆောင်များကိုလက်ထောက်များမှတစ်ဆင့်ပို့ပေးလာသည်။

သီချင်းခွေသစ်ထုတ်ရန်ခဲ့ကျင်းယန်တစ်ယောက် စတူဒီယိုထဲတွင်တစ်နေကုန်တစ်နေခန်းအလုပ်ရှုပ်နေသော်လည်း ဆွေ့ဆွေ့၏မွေးနေ့ကိုသူအလွတ်မခံနိုင်ပါ။ မအားလပ်သည့်ကြားမှ အလုပ်များကိုတစ်ခဏပစ်ထားခဲ့ပြီး လက်ဆောင်ထုတ်နှင့်အိမ်တိုင်ရာရောက်လူကိုယ်တိုင်ရောက်ချလာသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now