ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

671 92 1
                                    

Chapter 147

နောက်နေ့တွင် ဆွေ့ဆွေ့အားကျောင်းကြိုရန် မသွားမီအခိုက်အတန့်လေးတွင် သက်တော်စောင့်အားရှာတွေ့ပြီဖြစ်ကြောင်း ဖုန့်ယောင်ချင်းသိလိုက်ရသည်။

လွန်ခဲ့သောလအနည်းငယ်အတွင်း သင့်တော်သည့် သက်တော်စောင့်ကိုမတွေ့ခဲ့ရသော်လည်း ယခုမူ အဆင်ပြေသင့်လျော်သောသက်တော်စောင့်ကိုရှာတွေ့နိုင်မည်ဟု သူမမျှော်လင့်နေမိ၏။

ပြဿနာများကိုဖြေရှင်းပြီးနောက် ဖုန့်ယောင်ချင်းမှာ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။

သက်တော်စောင့်မှာ သန်မာကြံ့ခိုင်သော အမျိုးသားကောင်းတစ်ယောက်ဖြစ်တန်ရာသည်။ ဆွေ့ဆွေ့အတွက် သက်တော်စောင့်တစ်ယောက်ထားဖို့ရာ အလွန်လိုအပ်နေသည်။ လက်ထောက်တစ်ယောက်တည်းနှင့်အလုပ်မဖြစ်တော့ချေ။

ထို့နောက်ဖုန့်ယောင်ချင်းလည်း အပေါ်ဝတ်ကုတ်အင်္ကျီကောက်ဝတ်ကာဆွေ့ဆွေ့ကိုမူကြိုကျောင်းမှသွားကြိုရန်ပြင်လိုက်သည်။ ပြီးမှ ရွေးချယ်ထားသောသက်တော်စောင့်ကိုသွားတွေ့ရန်ဆုံးဖြတ်လိုက်၏။

သို့သော် ရုတ်တရက်ဝင်လာသောဖုန်းခေါ်ဆိုမှုက သူမ၏အစီအစဥ်ကိုအနှောင့်အယှက်ဖြစ်သွားစေသည်။

ဖုန်းချလိုက်ပြီးနောက် ဖုန့်ယောင်ချင်းတစ်ယောက် တုတ်တုတ်မလှုပ်ဘဲခန္ဓာတစ်ခုလုံးတောင့်ခဲနေသည်။ သူမ၏မျက်ဝန်းထဲတွ ဘဝင်မကျမှုတို့ကိုအတိုင်းသားတွေ့မြင်နိုင်သည်။ အတန်ကြာအောင်တွေဝေနေပြီးနောက် စိတ်ဒုံးဒုံးချပြီးရှန်ယွမ်ကိုလှမ်းပြောလိုက်သည်။

"ရှန်ယွမ်ရေ...အစ်မကိုယ်စားဆွေ့ဆွေ့ကိုမူကြိုမှာသွားကြိုပေးလို့ရမလား ဒီနေ့ညနေအစ်မသွားစရာလေးတစ်ခုရှိနေလို့ နည်းနည်းနောက်ကျမယ်ဆိုတော့ ဆွေ့ဆွေ့ကိုညစာလေးပါကျွေးထားပေးနော်"

တစ်ဖက်မှရှန်ယွမ်ကလျင်မြန်စွာပြန်ဖြေ၏။

"ရပါတယ်အစ်မဖုန့် သွားစရာရှိတာစိတ်ဖြောင့်ဖြောင့်သွားနော် ကျွန်မဆွေ့ဆွေ့ကိုသေသေချာချာဂရုစိုက်လိုက်ပါ့မယ်"

ထို့နောက်ရှန်ယွမ်လည်း ဆွေ့ဆွေ့ကိုကြိုရန်အင်ပါယာနိုင်ငံတကာမူကြိုကျောင်းဘက်သို့ကားကိုပြန်လှည့်လိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now