ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

968 110 0
                                    

Chapter 4

ကုဆွေ့ဆွေ့၏ရိုက်ကူးရေးပထမနေ့က အစပိုင်းမှလွဲ၍ အရှုပ်အထွေးများများစားစား မရှိပေ။ ကင်မရာကမည်သည့်နေရာတွင်ရှိသည်ကို သူ(မ)မသိသောကြောင့် ရိုက်ကူးရေးကိုသိပ်နားမလည်ခဲ့။ တစ်ခေါက် နှစ်ခေါက်လောက်တော့ သူ(မ)အဆင်မပြေသော်လည်း နောက်ပိုင်းတွင် ပြေပြစ်သွားခဲ့သည်။

"ကတ်! မိတ်ကပ်အဖွဲ့ကသရုပ်ဆောင်တွေကို နောက်ထပ်ဇာတ်ဝင်ခန်းတစ်ခုအတွက် မိတ်ကပ်လိမ်းပေးလိမ့်မယ်"

"ပျက်သုဉ်းသွားတဲ့တိုင်းပြည်ရဲ့မင်းသမီးငယ်လေးနေရာမှာ သရုပ်ဆောင်တဲ့ ကလေးလေးက အရှိန်အဝါအရမ်းရှိတဲ့ပုံပေါက်တယ် လောင်လီ မင်းဒီတစ်ခါတော့ ဇာတ်ကောင်နေရာကောင်းကိုရွေးထားတာပဲ" ကင်မရာရှေ့က ဒါရိုက်တာချန်းတစ်ယောက် အတော်လေးကျေနပ်အားရစွာပြောလိုက်သည်။

အဓိကအားဖြင့် ပရိသတ်ဆီကိုဤကလေးမလေးယူဆောင်လာပေးသော ခံစားချက်ကြောင့်

ဤအရွယ်အခြားကလေးများ၏သရုပ်ဆောင်ကျွမ်းကျင်မှုကို မတွေ့ရချေ။ ကျွမ်းကျင်သော သရုပ်ဆောင်မှုစွမ်းရည်များနှင့်နှိုင်းစာလျှင် ဒါရိုက်တာချန်းကဲ့သို့နာမည်ကျော်တစ်ဦးက သဘာဝကျပြီး ရိုးစင်းသော သရုပ်ဆောင်မှုမျိုးကို ပို၍နှစ်သက်သည်။

တိုင်းပြည်မင်းသမီးလေး၏နောက်ဆုံးဇာတ်ဝင်ခန်းအခက်အခဲကြောင့် ဤဇာတ်ကောင်နေရာကိုသရုပ်ဆောင်ရန် အသက်အရွယ်ကြီးသောကလေးတစ်ယောက်ကိုရှာရမည်လားဟု ဒါရိုက်တာချန်းတစ်ခေါက်က စဉ်းစားခဲ့ဖူးသည်။

ယခုတွင်မူ ဤအရွယ်ကလေးတစ်ဦးအားရှာဖွေရန် အသင့်တော်ဆုံးဖြစ်သည့်ပုံပင်။ ဤသို့သော ရိုးစင်းပြီးအပြစ်ကင်းစင်သည့်အမူအရာလေးများ ၊ အမှုမဲ့အမှတ်မဲ့မျက်နှာထားလေးများက အသက်အရွယ်ကြီးသောကလေးများ သရုပ်မဆောင်နိုင်လောက်သည့်အရာမျိုးဖြစ်သည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်၏ရိုက်ကူးရေးဒါရိုက်တာချန်းက သူ(မ)အားအလွန်အားရကျေနပ်နေကြောင်းကို ကုဆွေ့ဆွေ့မသိပေ။ သူ(မ)က ဤနေရာတွင်ရိုက်ကူးရေးလုပ်နေရင်း မောင်လေး ညီမလေးများကိုကြည့်လို့ရကာ စားစရာသောက်စရာများရှိသည်ကိုသာ သိသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now