ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

914 107 0
                                    

Chapter 9

ကုဆွေ့ဆွေ့ရုပ်ရှင်ရိုက်ကူးရေးတရားဝင်ပြီးဆုံးသည့်နေ့တွင် သူ(မ)၏ဝေ့ပေါ်ရှိပရိသတ်များက လေးသိန်းကျော်ထက်မကရှိသွားသည်။

လုချီနှင့်တွဲရိုက်ထားသောဝေ့ပေါ်ရှိဓာတ်ပုံကြောင့်သူ(မ)၏ပရိသတ်အရေအတွက်က အစပိုင်းတွင်တစ်ဟုန်ထိုးမြင့်တက်လာပြီး နေ့တစ်ဝက်အတွင်း လူနှစ်သိန်းအထိမြင့်တက်သွားသည်။ အချိန်ကြာလာသည်နှင့် အရှိန်ကနှေးကျသွားသည်။ သူ(မ)အား ဖော်လို (follow) လုပ်ထားကြသောပရိသတ်များကလည်း လုချီ၏မျက်နှာကြောင့်သာ ဖော်လို(follow) လုပ်ကြခြင်းဖြစ်ပြီး ကုဆွေ့ဆွေ့ကြောင့်ဆိုသည်မှာ အနည်းငယ်မျှသာဖြစ်သည်။

သို့သော် သူ(မ)ပါဝင်သရုပ်ဆောင်ထားသောတစ်ခုတည်းသောရုပ်ရှင်ကမည်သည့်အချိန်တွင်ထုတ်လွှင့်ပြသမည်ကို သူ(မ)မသိချေ။ ရုပ်ရှင်အားအထောက်အပံ့ပေးမှုနှင့် အခြားကြော်ငြာမှုများမရှိသောကြောင့် ထုတ်လွှင့်မှသာကြည့်ရှုနိုင်မည်ဖြစ်သည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးအတွက် ဝမ်းသာပါတယ်!"

လက်အောက်ခံဘဝကျရောက်သွားသောတိုင်းပြည်၏မင်းသမီးငယ်လေးအဖြစ်သရုပ်ဆောင်ထားသော ကုဆွေ့ဆွေ့နှင့်အမျိုးသားဇာတ်လိုက်ဖြစ်သူ လုချီတို့က ရိုက်ကူးရေးကိုအတူတူအဆုံးသတ်လိုက်ကြသည်။ သူတို့နှစ်ဦးအတွက် ကိတ်ကြီးတစ်လုံးပြင်ဆင်ပေးရန် ဒါရိုက်တာချန်းက ဝန်ထမ်းအားပြောလိုက်သည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်အဖွဲ့သားကြီးက အနီးအနားရွိ ကြယ်ငါးပွင့်ဟိုတယ်တွင် နောက်ဆုံးဂုဏ်ပြုစားပွဲ ကျင်းပကြမည်ဖြစ်သည်။ ကလေးငယ်လေး၏အသက်ကငယ်လွန်းသောကြောင့် ဤသို့သောအခမ်းအနားပွဲများတွင်ပါဝင်ဆင်နွှဲရန် အမှန်တကယ်မသက့်တော်လှချေ။ ထို့ကြောင့်ယနေ့မှာထားသော ကိတ်ကြီးက သူ(မ)တစ်ယောက်တည်းအတွက် ဂုဏ်ပြုပေးရန်ရည်ရွယ်ထားခြင်းဖြစ်သည်။

ကုဆွေ့ဆွေ့က နောက်ဆုံးဂုဏ်ပြုစားပွဲသို့သွားနိုင်ရန် ၊ ရင်းနှီးမြှုပ်နှံသူများ ထုတ်လုပ်သူများနှင့်တွေ့နိုင်ရန် စိတ်မဝင်စားလှချေ။ သူ(မ)အရွယ်ကလေးအျားအတွက်မူ အရသာရှိသောစားစရာတစ်ခုခုရှိနေသရွေ့ အလွန်စိတ်ကျေနပ်အားရပြီး အခြားဘာကိုမျှမတွေးနိုင်တော့ချေ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now