ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

809 102 0
                                    

Chapter 26

စုယွီချင်းတစ်ယောက်ရိုက်ကွင်းမှပြန်လာပြီးနောက် အင်တာနက်ပေါ်တွင်နာမည်ကြီးနေသည့် အနုပညာသတင်းအားလုံးကို လိုက်ကြည့်မိသည်။

ဤလောက၏အနာဂတ်လမ်းကြောင်းက သူ(မ)မှတ်မိနေသည့် အတိတ်ဘဝနှင့်အတူတူပင်ဖြစ်သည်။ မှတ်ဉာဏ်များအရဆိုလျှင် ကုဆွေ့ဆွေ့က "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးတွင် ပါဝင်ခဲ့သည်မှာအမှန်ပင်ဖြစ်သည်။

သို့သော် အတိတ်ဘဝတွင် ကုဆွေ့ဆွေ့က မည်

သည့်ရသစုံရှိုးတွင်မှ ပါဝင်ခြင်းမရှိခဲ့ပေ။

ဤဘဝတွင်ကုဆွေ့ဆွေ့နှင့်ပတ်သတ်ပြီး စုယြီ

ချင်း၏ခံစားချက်များမှာ အလွန်ရှုပ်ထွေးနေသည်။ အတိတ်ဘဝတုန်းကကဲ့သို့ ကုဆွေ့ဆွေ့ကို ဆိုးသွမ်းပြီးအကျင့်မကောင်းသည့်ကလေးဖြစ်စေလိုသည်။ သို့မှသာလျှင် သူ(မ)လည်းဘာဖိအားမှမရှိပဲ လက်စားချေနိုင်မည်ဖြစ်သည်။ သို့သော်ကုဆွေ့ဆွေ့က အတိတ်ဘဝကနှင့် ကွဲလွဲစွာပြောင်းလဲသွားခဲ့သည်။ သူ(မ)၏စိတ်ထဲတွင်လည်း ယခုလက်ရှိကုဆွေ့ဆွေ့၏ပုံစံကိုသာ မပြောင်းလဲပဲ ဆက်ရှိနေစေရန် မျှော်လင့်နေမိပြန်သည်။

သူ(မ)ဘာကြောင့်ထိုသို့တွေးနေမိမှန်း သူ(မ)ကိုယ်တိုင်လည်း မသိတော့ချေ။ ကုဆွေ့ဆွေ့ကို သူ(မ) ရက်ရက်စက်စက်မုန်းသင့်သည်မဟုတ်လား။ အတိတ်ဘဝတွင် ကုဆွေ့ဆွေ့သူ(မ)မပေါ် လုပ်ခဲ့သောအရာများကိုစဉ်းစားလိုက်တိုင်း ထိုကေလးမ၏အေရခြံကိုစုတ္ခြာကာ အျပစ္တရား၏အခကို ခံစားကြည့်စေချင်သည်။

သို့သော် ယခုမွာ သူ(မ)နှင့်ရိုက်ကူးရေးအတူလုပ်နေသော ကုဆွေ့ဆွေ့ကိုမျက်နှာချင်းဆိုင်တွေ့လိုက်တိုင်း သူ(မ)တုံ့ဆိုင်းပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်သည်။

ကုဆွေ့ဆွေ့က သူ(မ)မြင်တွေ့ခဲ့ရသောအတိတ်ဘဝကနှင့် ကွာခြားနေသောကြောင့်ဖြစ်တန်ရာသည်။ သို့သော် စုယွီချင်းက အတိတ်မှတ်ဉာဏ်အားလုံးရှိနေသေးသည့်အတွက် တွေ့လိုက်တိုင်းသူ(မ)အားချိုချိုသာသာပြုံးပြလာသော ထိုကေလးမေလးကို သည်းမခံနိုင်ပေ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now