ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

675 60 0
                                    

Chapter 138

"ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲအတွက်...ဆန်ကာတင်စာရင်းတွေထွက်လာပြီလား"

လတ်တလောအချိန်အတွင်း သူမ၏အဒေါ်နှင့်ဦးလေးဖြစ်သူတို့၏စကားကြောင့် ဖုယင်းယွီတစ်ယောက် အလုပ်လုပ်ချင်စိတ်မရှိတော့ပေ။

ဟောင်ဖုန်းသာ ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲအကြောင်းလာမပြောလျှင် ဖုယင်းယွီက ထိုဆုပေးပွဲနှင့်ပတ်သတ်ပြီး တွေးမိမည်ပင်မဟုတ်ချေ။ ယခင်က ထိုသို့သောအသေးအဖွဲကိစ္စများကို သူမ၏ကိုယ်စားလှယ်ဟောင်ဖုန်းက အသိပေးနေစရာမလိုပေ။

ဤနှစ်ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားကြသူများမှာ ယှဥ်ပြိုင်မှုအလွန်ပြင်းထန်သည်ဟု ဆိုရမည်။ သူမနှင့်အတူ ဆန်ကာတင်ဝင်ထားကြသော အခြားမင်းသမီးလေးယောက်မှာ သူမထက်စီနီယာကျသူတွေချည်းသာဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီဆုအတွက် မျှော်လင့်ချက်ကြီးကြီးမားမားမထားပေ။

ဖုယင်းယွီ၏အမြင်တွင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်က အတော်လေးကောင်းမွန်ပြည့်စုံပြီးအောင်မြင်ကျော်ကြားသည့်ရုပ်ရှင်တစ်ကားဖြစ်သော်လည်း ရုပ်ရှင်အစည်းအရုံးရှိဒိုင်လူကြီးများက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုဆုံးဖြတ်ရာတွင် သာမာန်ကာလျှံကာမျှမကြည့်ဘဲ ရုပ်ရှင်၏ဇာတ်လမ်းဇာတ်ကွက်အတိမ်အနက်သရုပ်ဆောင်များ၏သက်ဝင်ခံစားမှုကိုခရေစေ့တွင်းကျ ထောင့်စေ့အောင်နက်နက်နဲနဲလိုက်ကြည့်တတ်၏။

ဤနေရာတွင်သာမာန်လူတစ်ယောက်နှင့် ဒိုင်လူကြီးများ၏အမြင်သဘောထားက ကွဲလွဲနိုင်သည်။ သို့သော် သူမ၏စိတ်ထဲတွင် အကောင်းဆုံးရုပ်ရှင်ဆုအတွက် မျှော်လင့်ချက်အနည်းငယ်ရှိနေသေးသည်။

အကောင်းဆုံးရုပ်ရှင်မင်းသမီးဆုကိုမူ သူမမျှော်လင့်မထားပေ။ သူမ၏ ဇာတ်ကောင်က ဇာတ်လိုက်မင်းသားလောက် လုပ်ကွက်မရသလိုပေါ်လွင်ခြင်းလည်းမရှိချေ။ ထို့အပြင် သူမနှင့်အတူဆန်ကာတင်စာရင်းဝင်ထားသော အခြားပြိုင်ဘက်ရုပ်ရှင်မင်းသမီးများက ပို၍အားသာနေသောကြောင့် ထိုဆုကိုသူမရနိုင်ချေမရှိ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now