ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

656 59 0
                                    

Chapter 109

ဤကိစ္စနှင့်ပတ်သတ်၍ ချင်ဇီချန်းတစ်ယောက် သူ့ရှေ့ရှိကလေးမလေးကိုစကားပြောကြည့်ချင်သော်လည်း ကိုယ်ရံတော်တစ်အုပ်စုလုံး ပြန်ရောက်လာမည်ကို သူပို၍စိတ်ပူမိ၏။

ယခုအချိန် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။ ထိုအတွေးမှာ ဤနေရာမှအမြန်ဆုံးထွက်သွားနိုင်ရန်ပင်ဖြစ်သည်။

သူ့အကြံအစည်များ အကောင်အထည်မပေါ်ရသေးမီတွင် မြန်မြန်မမိသွားစေချင်ပေ။

"ထားလိုက်တော့...မင်းငါနဲ့အတူတူ မလိုက်ချင်ဘူးဆိုလည်း ငါ့တစ်ယောက်တည်းသွားမယ် မင်းရဲ့လက်ထောက်မမကိုဒီနေရာမှာပဲ ဆက်စောင့်နေလိုက်ပေါ့"

သို့သော် ကုဆွေ့ဆွေ့က သူ့အင်္ကျီစကို သူမ၏လက်သေးသေးလေးများဖြင့် အတင်းဆွဲပြီးလှမ်းတားသည်။

"ဟင့်အင်း...ကိုကိုမသွားပါနဲ့ အဲဒီဦးလေးကြီးတွေက ကိုကို့နောက်ကိုထပ်လိုက်ရင်ဘယ်လိုလုပ်မလဲ အဲဒါကြောင့် သမီးနဲ့ပဲ ဒီမှာအတူနေပါ ပါပါးခဲ့ရောက်လာရင် သမီးတို့ကိုသေချာပေါက်ကာကွယ်ပေးလိမ့်မယ်"

ချင်ဇီချန်းလည်း သူ့အားအတင်းဆွဲထားသော ကလေးမလေးကိုကြည့်ကာ စိတ်ရှုပ်စွာဖြင့်ပြောလိုက်၏။

"မင်းရဲ့ပါပါးက ငါ့ကိုအကာအကွယ်မပေးနိုင်ပါဘူး ငါ့အဖေက ဘယ်သူဆိုတာ မင်းသိရဲ့လား"

သူ့နောက်လိုက်နေသည့် ထိုကိုယ်ရံတော်များက သူ့ကိုမျက်စိဒေါက်ထောက်စောင့်ကြည့်ရန် သူ့အဖေလွတ်ထားသည့်လူများဖြစ်၏။ အဖေ့စကားကိုသာနားထောင်သော သစ္စာရှိသည့်နောက်လိုက်ခွေးများကို ပမွှားသာသာရှိသည့်ကလေးမလေးက ရပ်တန့်နိုင်မည်တဲ့လား။

"သူဌေးလေးကိုကိုရဲ့အဖေက ဘယ်သူမို့လို့လဲ"

ကလေးမလေး၏အမေးကြောင့် ချင်းဇီချန်းမှာ တစ်ခဏတာမျှတုံ့ဆိုင်းသွားသည်။ သူ့အဖေအကြောင်းကို သူတကယ်ထုတ်မပြောချင်ပေ။

တစ်ယောက်ယောက်သိသွားပြီး အဖေ့ဆီသတင်းပို့လိုက်လျှင် သက်တော်စောင့်များကရောက်လာပြီး သူ့ကိုပြန်ဆွဲခေါ်သွားဦးမည်မှာ အသေအချာပင်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now