ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

643 87 1
                                    

Chapter 144

စလိုက်မီးမောင်းက သူမအပေါ်သို့ထိုးကျလာချိန်တွင် ကုဆွေ့ဆွေ့မှာ အနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။

ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင် ဧည့်သည်များ၏ နေရာထိုင်ခင်းများကို ရုပ်ရှင်အစည်းအရုံးက စီစဥ်ပေးထားခြင်းဖြစ်သည်။ ကုဆွေ့ဆွေ့၏နေရာမှာ ပထမတန်းတွင်ဖြစ်သည်။ ဖုယင်းယွီက သူမ၏ဘယ်ဘက်ဘေးတွင်ထိုင်နေပြီး လုချီကညာဘက်ဘေးတွင်ထိုင်နေ၏။

"ဆွေ့ဆွေ့....ဂုဏ်ယူပါတယ်နော်"

အစီအစဥ်တစ်ခုလုံးကို အင်တာနက်ကွန်ရက်များ သတင်းမီဒီယာများနှင့်ရုပ်သံလှိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်နေသည်ဖြစ်သောကြောင့် လုချီက စကားအပိုအလိုတစ်ခွန်းမှမပြောချေ။ ပွဲပြီးမှ ကလေးငယ်အားကောင်းကောင်းဂုဏ်ပြုပေးရန်တွေးထားလိုက်သည်။

"ဆွေ့ဆွေ့...စင်ပေါ်တက်ရင် အရမ်းစိတ်လှုပ်ရှားနေစရာမလိုဘူးနော်...ဦးဦးလုယွမ်ကျစ်သင်ထားပေးတဲ့အတိုင်း လုပ်ရုံပဲ...ကိုကိုတို့မမတို့အားလုံး စင်အောက်ကနေအားပေးနေမှာ ကြားလား"

ဖုယင်းယွီက မျက်လုံးကလယ်ကလယ်နှင့် စိတ်လှုပ်ရှားနေဟန်ရှိသော ကလေးမလေးကိုထွေးပွေ့ကာ အားပေးစကားတီးတိုးပြောလိုက်သည်။

ဆွေ့ဆွေ့ကခေါင်းညိမ့်ပြရင်းစင်ပေါ်သို့တည်တည်ငြိမ်ငြိမ်နှင့်တက်သွားသည်။ ထို့နောက် သတ်မှတ်ထားသောနေရာတွင်သွားရပ်သည်။ မမဖုနှင့်ကိုကိုလုချီတို့လိုက်တက်လာမည်ဟုထင်ထားသော်လည်း အချိန်အတန်ကြာသည်အထိလိုက်မတက်လာဘဲ သူမ၏ဘေးတွင်မူ သူမ မရင်းနှီးသောသူစိမ်းများသာရှိနေ၏။

ဆွေ့ဆွေ့တစ်ယောက် စင်ပေါ်တွင်ရပ်နေရင်းစင်အောက်ရှိလူအုပ်ကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်မိသည်။ အားလုံးကသူမကိုကြည့်နေသလိုခံစားရသည်။ ထိုသို့တွေးမိသည်နှင့်သိမ်ငယ်စိတ်တို့ဝင်လာကာ ရှက်ကြောက်မှုတို့ကြီးစိုးသွားသည်။

သို့သော် မေမေ ၊ ပါပါးခဲ့ ၊ မမရှန်ယွမ် ၊ ဦးဦးလု၊ မမယင်းယွီနှင့်ကိုကိုလုချီ တို့က သူမကိုအမြဲတမ်းအားပေးနေသည်ဟုတွေးလိုက်မိသောအခါ သူမအားပြန်တက်လာရသည်။ နေ့လည်က ပါပါးခဲ့ပြောထားသောစကားများကိုပြန်အမှတ်ရရင်းယုံကြည်မှုအပြည့်ရှိသောပုံစံသို့ ချက်ချင်းပြောင်းလိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now