Chapter 400

5.1K 215 13
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-11

(သူ့ရဲ့ယုံကြည်မှုက ဘယ်နေရာမှာ ရှိတာလဲ)

ယီယွမ်က နားလည်သွားခဲ့သည်။ ကြည့်ရသည်မှာ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးတွင် မှော်ဆေးပညာ

ကျွမ်းကျင်မှုများကို အထင်ကြီးခြင်း ရှိပုံမပေါ်ပေ။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ သိုင်းပညာရှင် အများစုက သူတို့၏ ကိုယ်ပိုင်အရည်အချင်းကို အမှီပြု၍ ကြိုးကြိုးစားစား ကျင့်ကြံလေ့ရှိကြ၏။ ဆေးလုံးများအပေါ် သူတို့၏ မှီခိုမှုက အဆုံးမဲ့ကမ္ဘာကြီးကဲ့သို့ ကြီးမားခြင်းမရှိပေ။

အမှန်တကယ်တွင် ထိုအရာက နှိုင်းယှဉ်ချိန်ထိုး ပြောဆိုခြင်းသာ ဖြစ်ပေသည်။

ထိုမိသားစုများနှင့် လေအင်ပါယာ၏

လက်အောက်ခံ

အင်အားစုများက ပုံမှန်အားဖြင့် အရင်းအမြစ်များ ပို၍ပိုင်ဆိုင်ရလေ့ရှိ၏။ သူတို့၏ ကျင့်ကြံမှုများက ပုံမှန်အားဖြင့် မြန်ဆန်ကြသည်။

သို့သော် သူတို့အတွက်မူ ဆေးလုံးများက ပန်းထိုးထည်တွင် ပန်းပွင့်များ ထည့်ပေါင်းခြင်းသာဖြစ်ပြီး နှင်းဖုံးနေချိန်တွင် လောင်စာဆီကို အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ခြင်း မဟုတ်ပေ။

အမှန်တကယ်တွင် ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက အရင်းအမြစ်များ ရှားပါးနေသည့်တိုင် နေထိုင်ရာ ပတ်ဝန်းကျင် ကိုယ်တိုင်က အမှန်တကယ်တွင် သူတို့၏ တန်ဖိုးအကြီးဆုံး အရင်းအမြစ် ဖြစ်နေကြောင်း ယီယွမ်က ပြောနိုင်ပေ၏။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ သိုင်းပညာရှင်များအနေဖြင့် လေဓာတ်သဘာဝနှင့် သဘာဝအတိုင်း ရင်းနှီးမှုရှိနေသည်ဟု ပြောနိုင်သည်။ ဤဓာတ်သဘာဝလမ်းတွင် သူတို့၏ ကျင့်ကြံမှုကလည်း လျင်မြန်ပေ၏။

အကယ်၍ ယီယွမ်၏ ခန့်မှန်းမှုများသာ မှန်ကန်ခဲ့မည်ဆိုပါက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးတွင် အစစ်အမှန်အသိကို နားလည်အောင်မြင်ထားသူ အများအပြား ရှိနေပေလိမ့်မည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now