Chapter 595

1K 127 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-12

(နောက်ဆုံးအမွေအနှစ်)

ယီယွမ်ကိုယ်တိုင်ပင် အလွန်အံ့ဩသွားခဲ့သည်။

သူက ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးကို ထုတ်ဖော်ရန် နည်းလမ်းအား လောင်ထန့်၏ သရုပ်ပြသမှုကိုကြည့်၍ ရရှိခဲ့ခြင်းဖြစ်၏။ နဂါးလှိုင်းသံက မည်သည့်အရာဖြစ်ကြောင်းနှင့် နဂါးလှိုင်းသံကို လေ့ကျင့်ရန် မည်မျှအထိ ခက်ခဲသည်ကို သူလုံးဝမသိထားခဲ့ပေ။

လောင်ထန့်က ထိုသို့ပြောလိုက်ခြင်းကို ကြားလိုက်ရမှသာ တစ်ဖက်လူက သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေခဲ့သော အကြောင်းရင်းကို ယီယွမ်က နောက်ဆုံး၌ သိရှိသွားခဲ့ပေသည်။

ဤအရာက နဂါးလှိုင်းသံကို ပထမဆုံးအကြိမ်အဖြစ် ယီယွမ်က အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း လောင်ထန့်ကဲ့သို့ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပင် နှစ်တစ်ရာကုန်ဆုံးခဲ့ရသည့် ကောင်းကင်အဆင့်နီးပါးသို့ အမှန်တကယ် ရောက်ရှိနေခဲ့၏။

ယီယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ကမောက်ကမဖြစ်သွားခဲ့ပြီး ပြောလိုက်သည်။ "ဟာ… ဟားဟား… စီနီယာလောင်… ကျွန်တော်က ကြွက်သေတစ်ကောင်ကို တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရတဲ့ မျက်စိကန်းနေတဲ့ကြောင် ဖြစ်သွားတာပါ… ကြက်ကန်းဆန်အိုးတိုးမိသွားခဲ့တာပါ… ကျွန်တော့်ကို လေ့ကျင့်ခိုင်းမယ်ဆိုရင်တောင် ကျွန်တော်က နှစ်တစ်ရာလောက် အချိန်ယူပြီး လေ့ကျင့်ဖို့ လိုအပ်ပါလိမ့်မယ်….."

လောင်ထန့်၏ မျက်နှာက နက်မှောင်သွားခဲ့မည်ဟူ၍ မည်သူက သိရှိမည်နည်း။ သူက သူ၏မုတ်ဆိတ်ကို ပွတ်သပ်၍ မကျေမနပ်ပြောဆိုခဲ့၏။ "ဒီအဖိုးကြီးကို ပေါက်ကရလာမပြောနဲ့… ကောင်းကင်အဆင့် နဂါးလှိုင်းသံကို နှစ်တစ်ရာအတွင်း ရရှိနိုင်တာက တော်တော်ဆိုးရွားတယ်လို့ မင်းထင်နေတာလား….."

ယီယွမ်က ပြုံးလိုက်သည်။ သို့သော် လောင်ထန့်က သူ၏ မျက်နှာအမူအရာမှတစ်ဆင့် သူတွေးနေသည်ကို သိနိုင်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Nơi câu chuyện tồn tại. Hãy khám phá bây giờ