Chapter 463

1.2K 137 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-5

(အဆင့်(4) ဝင်္ကပါပညာရှင် ကွင်းဆင်းလာခြင်း)

ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့၏ အဓိကခန်းမကြီးက လက်ရှိအချိန်တွင် ခရမ်းနုရောင်စံအိမ်အဖွဲ့၏ အဓိကခန်းမကြီး ဖြစ်နေခဲ့သည်။

တောင်ပိုင်းကုန်းမြေအဖွဲ့ မဟာတွေ့ဆုံပွဲကျင်းပချိန်မှ စ၍ ခရမ်းနုရောင်စံအိမ်အဖွဲ့က အခြားတစ်ဖွဲ့၏ နယ်မြေတွင် နေရာယူပြီး သူတို့၏ အခြေစိုက်စခန်း လုပ်ဆောင်ထားခြင်းဖြစ်၏။

သို့သော် လက်ရှိအချိန်တွင် အဓိကခန်းမထဲမှ လေထုအခြေအနေက အလွန်မွန်းကျပ်နေခဲ့ပြီ ဖြစ်သည်။

မဟာအကြီးအကဲ မာရီ၏ သေဆုံးမှုက အဖွဲ့အရှင်သခင် ဟဲမင်သဲအပါအဝင် ခရမ်းနုရောင်စံအိမ်အဖွဲ့မှ လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

ဟဲမင်သဲက သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၏ အသွင်အပြင်မျိုး ရှိနေပေသည်။ သူ၏ အပြုအမူအားလုံးက မဟာအရှင်သခင် တစ်ယောက်၏ အမူအရာမျိုး ရှိနေခဲ့၏။

သို့သော် သူ၏ မျက်နှာတွင် ထိုအခြေအနမျိုး ပျက်ယွင်းနေခဲ့ပြီး ယခု ကောက်ကျစ်မှုနှင့် အထိန်းအချုပ်မဲ့မှုများသာ ရှိနေခဲ့ပေသည်။

ယနေ့ တောင်ပိုင်းကုန်းမြေမှ လူတိုင်းက ဟဲမင်သဲမှာ အခက်အခဲနှင့် အနှောင့်အယှက်များ ကြုံတွေ့မှုကို သည်းခံနိုင်စွမ်း မြင့်မားသော လူတစ်ယောက်ဖြစ်ကြောင်း သိရှိသွားခဲ့ကြ၏။ အဖွဲ့အရှင်သခင်ရာထူးတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည်တွင် သူက အခြားသူများကို အဆင့်(1) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အခြေအနေဟူ၍သာ ပြသထားခဲ့သည်။

တောင်ပိုင်းကုန်းမြေ မဟာတွေ့ဆုံပွဲ စတင်ချိန်အထိ သူက တစ်ခုတည်းသော ခြေလှမ်းလှမ်းလိုက်သည်နှင့် ကမ္ဘာတစ်ခုလုံး မှင်တက်သွားခဲ့ကြပြီး အခြားအဖွဲ့အရှင်သခင်နှင့် မဟာအကြီးအကဲ အားလုံးကို အသာစီးရယူသွားနိုင်ခဲ့၏။

ယနေ့ တောင်ပိုင်းကုန်းမြေက သူ၏ကမ္ဘာကြီး ဖြစ်သွားပြီဟူ၍ ပြောနိုင်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now