Chapter 525

1.1K 138 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-12

(စည်းကမ်းများ ချမှတ်ခြင်း)

ဝူရွှမ်၏ ဆေးဖော်စပ်ခြင်းအခန်းတွင် လက်ရှိအချိန်၌ လူအများအပြား ရှိနေခဲ့ကြသည်။

ရှောင်ရူယန်က ရန်တုံကို ယီယွမ်က စမ်းသပ်မည့်အကြောင်း ကြားလိုက်သောအချိန်၌ သူမက
စိတ်မပါသော်လည်း မည်သို့ပင်ဆိုစေကာမူ လိုက်ပါကြည့်ရှုခဲ့၏။

ထို့အတူပင် ချောင်ဖန့်က အလွန်သိချင်နေခဲ့ပြီး သဘာဝလွန်အစွမ်းကို ကြည့်လိုစိတ်အား ထိန်းချုပ်မရခဲ့ပေ။

ယီယွမ်က ထိုအရာကို သတိပြုမိသော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။

ရန်တုံရွေးချယ်လိုက်သော ပစ္စည်းများကို မြင်သော် ဝူရွှမ်က အံ့အားသင့်သွားခဲ့ပြီး ပြောလိုက်၏။ "ညီငယ်လေးယီ.. သူက ဘာလို့ အဆင့်(1) ဆေးပစ္စည်းတွေပဲ ရွေးချယ်လိုက်တာတုန်း… ဒါဆိုရင် မင်းရဲ့စမ်းသပ်မှုက တော်တော်လေး နိမ့်ကျသွားပြီမဟုတ်ဘူးလား….."

ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့သည်။ "အစ်ကိုကြီး အရင်ဆုံး စောင့်ကြည့်လိုက်ပါ… ခဏနေရင် တွေ့ရတော့မှာပဲ… ဒီရန်တုံမှာ နားလည်မှုစွမ်းရည်အချို့ ရှိနေသေးတာပဲ… သူက အဲဒါကို တော်တော်လေးမြန်တဲ့ အချိန်အတွင်း ရရှိခဲ့ပြီ… သူ့ရဲ့မျက်လုံးတွေက သွေးရောင်လွှမ်းနေတာကို ကြည့်လိုက်ရင် ဒီရက်ပိုင်းမှာ မအိပ်ခဲ့ရသေးဘူးနဲ့ တူတယ်….."

ယီယွမ်၏ စမ်းသပ်ရွေးချယ်မှုကို အောင်မြင်ရန် မည်သည့်အတွက် လွယ်ကူမည်နည်း။

အဆင့်အနိမ့်ဆုံး ပြောင်းလဲမှုလျော့နည်းခြင်း ပညာရပ်အတွက်ပင် အဆင့်(1) အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် အဆင့်အတန်းကို ရောက်ရှိရန်မှာ အရည်အချင်းပိုမြင့်သော လူများပင် လဝက်ခန့် ခက်ခက်ခဲခဲ ကြိုးစားရန်လိုအပ်ပေ၏။ ပုံမှန်အရည်အချင်းမျှသာ ပိုင်ဆိုင်ထားသူက ဆေးလုံးဖော်စပ်ရန်ပင် မဖြစ်နိုင်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now