Chapter 576

1K 121 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-7

(နောက်တစ်လွှာမှာ ပြန်တွေ့ကြတာပေါ့)

ခွိုက်လျန့်ပြောသော ခွန်အား၇၀ရာခိုင်နှုန်းက သူ၏ကျင့်ကြံခြင်းအကြောင်း ပြောဆိုခြင်းမဟုတ်ဘဲ ဓာတ်သဘာဝခွန်အား ဖြစ်ပေသည်။

ပြောရမည်ဆိုလျှင် မူလက ဓာတ်သဘာဝ ၁၀၀ရာခိုင်နှုန်းပြည့်ကို ခွိုက်လျန့်က နားလည်ခဲ့ပြီးဖြစ်၏။ သို့သော် စတုတ္ထအလွှာတွင်မူ သူက ထိုဓာတ်သဘာဝများကို ၃၀ရာခိုင်နှုန်းသာ အသုံးပြုခဲ့ပေသည်။

၃၀ရာခိုင်နှုန်းကပင် အလွှာများကို လာရောက်စိန်ခေါ်သော သိုင်းပညာရှင်အားလုံးနီးပါးထက် ပိုမိုအစွမ်းထက်နေခဲ့ပြီဖြစ်၏။

၇၀ရာခိုင်နှုန်းဖြင့်ဆိုလျှင် လူဟုန်ကဲ့သို့ အဆင့်(1) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပင် တောင့်ခံနိုင်စွမ်း မရှိခဲ့ပေ။ သူနှင့်အဆင့်တူ သိုင်းပညာရှင်များနှင့် အစီအရင်တစ်ခု တည်ဆောက်လိုက်သောအခါ ပြောနေစရာပင်မလိုအပ်တော့ပေ။

လူဟုန်နှင့် ချင်ယန်းတို့အားလုံးက ဤပဉ္စမအလွှာကို တက်ရောက်ရန်အတွက် မရေမတွက်နိူင်သော အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။

"စီနီယာက ယဉ်ကျေးနေဖို့မလိုပါဘူး… စလိုက်ရအောင်….."

ယီယွမ်က သူ၏အော်ရာကို ထုတ်လွှတ်လိုက်၏။ ပတ်ဝန်းကျင်၌ အနီရောင်လေပွေတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ပျောက်ကွယ်မသွားခဲ့ဘဲ ဆက်လက်တည်ရှိနေခဲ့သည်။ ဤအရာက ပူပြင်းခြင်းအစစ်အမှန်အသိကို အပြင်၌ ထုတ်ဖော်လိုက်သည့် အမှတ်အသားဖြစ်၏။

ဤမြင်ကွင်းကိုမြင်သော် ခွိုက်လျန့်၏ မျက်နှာအမူအရာက အနည်းငယ် စိုးရိမ်သွားခဲ့ပုံ ပေါ်ပေါက်လာခဲ့ပြီး ပြောဆိုလိုက်သည်။ "သဘာဝစွမ်းအင်တွေက ပူပြင်းခြင်းအစစ်အမှန်အသိ ဖြစ်လာဖို့ ပြောင်းလဲနေကြတယ်… ပျောက်ကွယ်မသွားဘဲ ဆက်လက်တည်ရှိနေတဲ့အထိ စွမ်းဆောင်နိုင်တယ်ဆိုတော့ ကြည့်ရတာ မင်းရဲ့ သဘာဝစွမ်းအင်တွေကို ထိန်းချုပ်နိုင်မှုက တော်တော်လေး နက်နဲတဲ့အဆင့်ကို ရောက်ရှိနေပြီပဲ… ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကတောင် မင်းလိုမျိုး မစွမ်းဆောင်နိုင်ဘူး… လူငယ်လေး… မင်းက ငါတို့ဆီကို အံ့သြစရာတွေ အများကြီး ယူဆောင်လာခဲ့တယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now