Chapter 468

1.2K 135 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-10

(လူတစ်ယောက်ကို သူ၏ ကိုယ်ပိုင် အကြွေစေ့ ပြန်ပေးခြင်း)

ဟဲကျွင်း၏ အပြုအမူများက လျောင်ဝမ်ကွမ်း၏ အပြုအမူများကဲ့သို့ ပွက်လောရိုက်သွားစေခြင်း မရှိခဲ့ပေ။ သို့သော် ဟဲကျွင်း၏ လှုပ်ရှားမှုက ခရမ်းနုရောင်စံအိမ်အဖွဲ့ တပည့်များ၏ ယုံကြည်မှုကို ချက်ချင်းပင်  နှလုံးအားဆေးတစ်မျိုးကဲ့သို့ မြှင့်တင်ပေးခဲ့သည်။

ဟဲကျွင်းက တောင်ပိုင်းကုန်းမြေ၏  အဆင့်(4) ဝင်္ကပါပညာရှင်နှစ်ဦးထဲမှ တစ်ဦးဖြစ်၏။ 

ဤနေ့မတိုင်မီ၌ ကျိုးယွင်က တစ်ဦးတည်းသော အဆင့်(4)ဝင်္ကပါပညာရှင် ဖြစ်နေခဲ့၍ တောင်ပိုင်းကုန်းမြေ တစ်ခုလုံးတွင် နာမည်ကျော်ကြားပေသည်။

သို့သော် ကျိုးယွင်က အစောပိုင်းအဆင့် အဆင့်(4) ဝင်္ကပါပညာရှင်သာ ဖြစ်၏။

ဟဲကျွင်းက အလယ်အလတ်အဆင့် အဆင့်(4) ဝင်္ကပါပညာရှင်ဖြစ်သည်။

အကယ်၍ ဟဲကျွင်းကသာ သူတို့၏ရှေ့မှ မဟာဝင်္ကပါကို ဖျက်ဆီးနိုင်ခြင်းမရှိခဲ့လျှင် တောင်ပိုင်းကုန်းမြေ၌ မည်သူကမှ ဤဝင်္ကပါကို ဖျက်ဆီးနိုင်မည် မဟုတ်တော့ပေ။

ခရမ်းနုရောင်စံအိမ်အဖွဲ့မှ တပည့်များက အသက်ရှူရန်ပင် မေ့လျော့နေခဲ့ပြီး ဟဲကျွင်း၏ အပြုအမူများကိုသာ စူးစိုက်ကြည့်နေခဲ့ကာ သူက မဟာဝင်္ကပါကို ဖျက်ဆီးနေချိန်တွင် အနှောင့်အယှက် ဖြစ်မည်စိုး၍ ဆူညံသံတစ်ချက်ကလေးမှ မထွက်ခဲ့ကြပေ။ 

အဝါရောင် အလံသေးလေးမှတစ်ဆင့် ဟဲကျွင်းထုတ်ဖော်ခဲ့သော သဘာဝစွမ်းအင်များက မဟာဝင်္ကပါကို ထိတွေ့သွားခဲ့သည်နှင့် ထိုအရာက တည်ငြိမ်နေသော ရေကန်တစ်ခုထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလိုပင် ချက်ချင်း လှိုင်းတံပိုးထသွားခဲ့ကြ၏။ 

မဟာဝင်္ကပါက ဤသဘာဝစွမ်းအင် သောင်တင်လာမှုကို လှုပ်ခါချလိုဟန်ဖြင့် ရုတ်တရက် အလင်းရောင်များ ပေါက်ကွဲလာခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now