Chapter 499

1.1K 133 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-14

(မင်းရဲ့ပြိုင်ဖက်က သူပဲ)

ဤအနက်ရောင်ဝတ်စုံဝတ် လူက အဆင့်(1) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ခွန်အားရှိနေခဲ့၏။ သိသာစွာပင် သူက ကောင်းကင်ဘုံမိစ္ဆာအဖွဲ့၏ အဖွဲ့အရှင်သခင် မောင်ယွမ်ကျိ ဖြစ်ပေသည်။

သို့သော် သူ၏စကားများ၏ အဓိပ္ပာယ်က လျှိုချင်ဖုန်းကို အနည်းငယ် ဂရုစိုက်နေဟန် အထင်းသား ပေါ်လွင်နေခဲ့၏။

ဤလူနှစ်ယောက်က အဓိကတောင်ထိပ်တွင် မည်သည့်လက္ခဏာမှ မပေါ်ခဲ့ဘဲ ထွက်ပေါ်လာခဲ့သည်။ သူတို့၌ စွမ်းရည်အချို့ ရှိနေသည်မှာ ထင်ရှားလှသည်။

"ခင်ဗျားက မောင်ယွမ်ကျိလား….." ယီယွမ်က သူ့ကိုတစ်ချက်ကြည့်၍ တည်ငြိမ်စွာ မေးမြန်းလိုက်၏။

မောင်ယွမ်ကျိက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ငချွတ်လေးတစ်ယောက်မှ ထိုသို့မောက်မာသည်ကို မြင်လိုက်ချိန်တွင် သူ၏စိတ်ထဲ၌ အလွန်အမင်း မကျေမနပ်ဖြစ်သွားခဲ့သည်။

"ဟမ့်… ဒီဟာက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်တွေအကြား စကားပြောနေကြတာလေ… မင်းလို ဂျူနီယာတစ်ယောက်က ဒီနေရာမှာ စကားဝင်ပြောခွင့် ဘယ်တုန်းက ရှိသွားတာလဲ……"

ထိုသို့ပြောရင်း မောင်ယွမ်ကျိက သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ ပြင်းထန်သော
အင်အားတစ်ခုက ယီယွမ်ကို ဘေးသို့တွန်းဖယ်လိုဟန်ဖြင့် ပြေးဝင်လာခဲ့သည်။

သူက ဤသို့လုပ်ဆောင်ခြင်းမှာ ပထမအချက်အနေဖြင့် တစ်ဖက်လူကို သူ၏အစွမ်းအား သိရှိစေရန် ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်၏။ ဒုတိယအချက်မှာ လျှိုချင်ဖုန်း၏ အောက်စည်းက မည်သည့်နေရာတွင် ရှိနေသည်ကို သိလို၍ဖြစ်သည်။

မောင်ယွမ်ကျိက သူ၏တိုက်ခိုက်မှုကြောင့် ယီယွမ်က လေထဲမှ ပြုတ်ကျသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ ယီယွမ်က နေရာတွင်ပင် ကြွက်သားတစ်ခုမှ မလှုပ်ရှားဘဲ ရပ်နေနိုင်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now