Chapter 425

1.3K 154 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-9

(ရောက်ရှိနေသူအားလုံးကို တုန်လှုပ်စေခြင်း)

ကျောက်ချန်ကန်းနှင့် အခြားသူများကို အသာထား၍ ရှစ်ဟောက်ရန်နှင့် အခြားဂိုဏ်းတူအစ်ကိုများပင် ယီယွမ်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် အချိန်အတန်ကြာသည်အထိ မည်သို့လုပ်ရမှန်း မသိခဲ့ကြပေ။

"မဟုတ်သေးပါဘူး… ဂိုဏ်းတူညီငယ်လေးက အဲဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… စင်မြင့်ပေါ်ကို ပထမဆုံးတက်တဲ့သူက အလွန်အသက်အန္တရာယ်ရှိတာ မဟုတ်ဘူးလား….." ယိုကန်းက မျက်မှောင်ကုတ်၍ ပြောဆိုလိုက်သည်။

"ဟုတ်တယ်… ဘာတွေမှားနေတာလဲ… သူက သိုင်းပညာရှင်ပေါင်း တစ်သောင်းကို သူ့ရဲ့ခွန်အားနဲ့ စိန်ခေါ်ချင်နေတာလား….." ထန်ကျစ်က အံ့ဩစွာဖြင့် ပြောခဲ့၏။

သို့သော် ရှစ်ဟောက်ရန်က သက်ပြင်းချ၍ ပြောလိုက်သည်။ "ဂိုဏ်းတူညီငယ်လေးရဲ့ ကိစ္စတွေကို ပြုလုပ်တဲ့ပုံစံတွေက မျှော်မှန်းထားတာတွေနဲ့ ခြားနားတယ်… သူ့ရဲ့အမူအကျင့်ကို ငါတို့ မခန့်မှန်းနိုင်ဘူး… သူက ဒီလိုလုပ်တာ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခု ရှိပါလိမ့်မယ်… ငါတို့က စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်လေ….."

အချိန်အနည်းငယ် ကြာသည်အထိ တီးတိုးပြောသံများက တစ်ဆက်တည်း ထွက်ပေါ်လာခဲ့ပြီး အားလုံးက ယီယွမ်မှာ သူ၏ခွန်အားအပေါ် ယုံကြည်မှုလွန်ကဲနေသည်ဟု ပြောနေခဲ့ကြ၏။

မကြာခင်အချိန်အတွင်း အဆင့်(9) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင် တစ်ယောက်က စင်ပေါ်သို့ ခုန်တက်လာပြီးနောက် လက်သီးလက်ဝါးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။ "ကျွန်တော်က ဝမ့်ကျဲပါ… ကျွန်တော်က သခင်လေးဂျိကို စိန်ခေါ်ချင်ပါတယ်….."

ယီယွမ်က ယဲ့ယဲ့ပြုံး၍ ပြောခဲ့၏။ "ကျေးဇူးပြုပြီးတော့….."

တစ်ဖက်လူက ယဉ်ကျေးပေသည်။ ယီယွမ်က ပုံမှန်အားဖြင့် မျက်မှောင်ကြုတ်၍ ပြန်ပြောခြင်း မပြုနိုင်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now