Chapter 580

1K 130 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-11

(အစစ်အမှန်နဂါးသွေးစက်)

အမွေအနှစ်နယ်မြေထဲတွင် ယီယွမ်က ပေါ်ထွက်လာခဲ့သော်လည်း သူ၏မျက်နှာအမူအရာက အေးခဲသွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်က လက်ရှိအချိန်၌ လက်ကိုနောက်ပစ်၍ ယီယွမ်ကို ကျောပေးကာ ရပ်နေခဲ့၏။

"မင်းက တော်တော်လေး ထူးချွန်ပါတယ်… ဒီနှစ်တစ်သောင်းအတွင်းမှာ မင်းက အလွှာခြောက်ခုကို ပြီးပြည့်စုံစွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ ပထမဆုံး လူငယ်ဂျီးနီးယပ် တစ်ယောက်ပဲ….."

ဤအနက်ရောင်ဝတ်စုံဝတ်လူက အမွေအနှစ်နယ်မြေမှ လျှို့ဝှက်ပုဂ္ဂိုလ် ဖြစ်နေသည်မှာ သိသာလှပေသည်။

ဤလျှို့ဝှက်ပုဂ္ဂိုလ်က လူလုံးထွက်ပြလာခဲ့ရာ ယီယွမ်က အလွန်အံ့ဩသွားခဲ့၏။

ဤပုဂ္ဂိုလ်က လျှို့ဝှက်နေရာမှနေ၍ ဤနယ်မြေကို ထိန်းချုပ်နေသည်ဟူ၍ ယခင်က သူထင်မြင်နေခဲ့သည်။

ကြည့်ရသည်မှာ ပြီးပြည့်စုံသော အောင်မြင်ခြင်းကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည့်အတွက် ဤအနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်က သူ့အပေါ် သဘောထား ပြောင်းလဲသွားခဲ့ပုံ ရပေ၏။

"ဒါဆိုရင် ကျွန်တော်က ခင်ဗျားကိုယ်တိုင် လက်ခံတွေ့ဆုံရတဲ့ အဆင့်ကို ရောက်ရှိသွားပြီလို့ ခံစားလိုက်ရပြီပေါ့….." ယီယွမ်က ဖျော့တော့သော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်ပြီး ဤအခြေအနေကို အလွန်ဝမ်းသာနေပုံမရပေ။

အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်က အလွန်အံ့ဩသွားခဲ့သည်မှာ သိသာလှသည်။ ဤကောင်လေးက အမြဲတမ်း တည်ငြိမ်မှုရှိပေ၏။ မည်သည့်အရာကမှ သူ့ကို စိတ်လှုပ်ရှားစေခြင်းမရှိခဲ့ရာ သူက အဆင့်နိမ့်နယ်မြေတစ်ခု၏ လူငယ်လေးတစ်ယောက်နှင့် မတူပေ။

ဤကောင်လေးက သူ့ကို ယခင်တစ်ကြိမ်က ဒေါသထွက်စေခဲ့ဖူးသည်။

ယခု သူက လူကိုယ်တိုင်
လာတွေ့နေခဲ့သော်လည်း ဤကောင်လေးက မပျော်ရွှင်သော အမူအရာတစ်ခု ရှိနေခဲ့သေး၏။ လူအများကို အမှန်တကယ်ပင် မကျေမနပ် ဖြစ်စေနိုင်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)حيث تعيش القصص. اكتشف الآن