Chapter 449

1.2K 149 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(35)

Chapter-5

(အဆုံးမဲ့ကမ္ဘာကြီးသို့ ပြန်သွားခြင်း)

ထိုသို့သော ဆုံးဖြတ်ချက်တစ်ခုကို သူမက အမှန်တကယ် ချမှတ်ရမည်ဟု ရှောင်ရူယန်က လုံးဝထင်မှတ်မထားခဲ့ပေ။

ကမ္ဘာငယ်နှစ်ခု…..

ထိုအရာက ကမ္ဘာ၏ အဆုံးသတ်နေရာနှစ်ခု ကွာဝေးခြင်းနှင့် တူညီပေသည်။ အဆုံးမဲ့ကမ္ဘာကြီးကို သွားလိုက်လျှင် သူမက ဤနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်လာရန် သူမ၏ လက်ကျန်ဘဝသက်တမ်း၌ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

ထို့ပြင် ဤနေရာ၌ သူမ၏ မိဘများနှင့် သူမ၏ အစ်ကိုကြီးတို့ ရှိနေပေသည်။

လေအင်ပါယာက ထိုနေရာတွင် ဒူးထောက်၍ မနားတမ်း

အရိုအသေပေးနေခဲ့ပြီး တင်းလျန့်က သူ့ကို ဆွဲထူရန် မရပ်မနားကြိုးစားနေခဲ့၏။ သို့သော် သူက မည်သို့ပင် ဖြစ်စေကာမူ မတ်တတ်ထရပ်ရန် ငြင်းဆန်နေခဲ့သည်။

အခြားတစ်ဖက်တွင် ရှောင်ရူယန်က ဒွိဟဖြစ်နေသော မျက်နှာဖြင့် စဉ်းစားနေခဲ့၏။

"ရူယန်… မင်းက သူနဲ့ လိုက်မသွားရဘူးနော်… အဲဒီလိုမဟုတ်ရင် ငါ,ရှောင်ချန်ဖုန်းက မင်းနဲ့ သံယောဇဉ်အကုန် ဖြတ်ပစ်မယ်….." ရှောင်ချန်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်သည်။

ရှောင်ရူယန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး သူမ၏ မျက်ဝန်းက အလိုအလျောက်ပင် ရှောင်ချန်ဖုန်းထံသို့ ရောက်ရှိသွားခဲ့၏။

ရှောင်ချန်ဖုန်းက ဆုံးဖြတ်ချက်ခိုင်မာစွာ ချမှတ်ထားသည့် အကြည့်ဖြင့် သူမကို ဒေါသထွက်စွာ ကြည့်နေခဲ့သည်။ အချိန်တစ်ခုကြာအောင် သူမ၏ နှလုံးသားထဲမှ မရေမတွက်နိုင်သော မှတ်ဉာဏ်များက ပြန်လည်အသက်ဝင်လာခဲ့၏။

ဤနှစ်များစွာအတွင်း ကောင်းကောင်း

လေ့လာသင်ယူခဲ့ပြီး ခါးသီးစွာ လေ့ကျင့်ခဲ့ရသည့်အပြင် အနည်းငယ်မှပင် အနားယူခဲ့ရခြင်းမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now