Chapter 461

1.2K 144 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-3

(စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်ကို သုတ်သင်ခြင်း)

"မဟာအကြီးအကဲက တော်တော် အစွမ်းထက်တယ်… တကယ်လို့ ငါကသာ အဲဒီသိုင်းကွက်ကို ရင်ဆိုင်ရမယ်ဆိုရင် ငါလိုလူတစ်ရာ… လူတစ်ထောင်ဆိုရင်တောင် အားလုံးသေဆုံးသွားရလိမ့်မယ်….."

"ဟုတ်တယ်… စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အောက်မှာရှိတဲ့ လူတွေအားလုံးက သာမန်လူတွေပဲ… မဟာအကြီးအကဲက ငါတို့နဲ့ လုံးဝကွာခြားတဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်….."

"ကံကောင်းစွာနဲ့ မဟာအကြီးအကဲက ဒီနေရာမှာရှိနေခဲ့တယ်… ဒီလိုမှမဟုတ်ရင် ငါတို့က ဒီမဟာဝင်္ကပါမှာ လုံးဝကို အကူအညီမဲ့သွားလိမ့်မယ်… အခုတော့ မဟာအကြီးအကဲက ကိုယ်တိုင်လှုပ်ရှားလာခဲ့ပြီ… ဒါကြောင့်မို့ မဟာဝင်္ကပါကို သေချာပေါက်ချိုးဖျက်နိုင်လိမ့်မယ်….."  
                  
"ငြိမ်သက်တိမ်တိုက်အဖွဲ့က အဲဒီအမှိုက်ကောင်တွေ... တကယ်ပဲ လိပ်အခွံထဲ ဝင်ပုန်းသလို ပြုမူနေကြတာပဲ… ငါတို့က ခဏနေလို့ အထဲကို ဝင်ရောက်ပြီဆိုရင် သူတို့ရဲ့ ခေါင်းတွေကိုဖြတ်ပြီးတော့ ငါကသူတို့ရဲ့ လိပ်အခွံအပြင်ဘက်မှာ ချိတ်ဆွဲပေးထားလိုက်မယ်….."     

. . . . . .

မာရီက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်အဆင့်နှင့် ကောင်းစွာထိုက်တန်ပေသည်။

ထိုအစွမ်းထက်တိုက်ကွက် တစ်ခုတည်းနှင့်ပင် အခြားသိုင်းပညာရှင်များက ကြောက်ရွံ့မှုကို ခံစားခဲ့ရ၏။ 

စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကို စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင် တစ်ယောက်သာ ရင်ဆိုင်ခုခံနိုင်ပေသည်။ ဤအရာက သိုင်းပညာရှင်များအတွက် ယေဘုယျ ဗဟုသုတဖြစ်၏။

ကျောက်ချန်ကန်းကဲ့သို့ အရည်အချင်းရှိသော လူတစ်ယောက်အတွက် ကျင့်စဉ်အဆင့် ခုန်တက်၍ တိုက်ခိုက်ခြင်းက ရေသောက်သကဲ့သို့ လွယ်ကူပေသည်။ သို့သော် သူ့ကို စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်ခိုင်းမည်ဆိုလျှင် သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now