Chapter 524

1.1K 139 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-11

(ဆရာ့အတွက် ဘယ်သူမှ ငါနဲ့မပြိုင်ရဘူး)

မြို့ပိုင်အရှင်သခင်ဂေဟာ၌…..

ရန်တုံ၏ ဆေးဖော်စပ်ခြင်းအခန်းမှ အူလှိုက်သည်းလှိုက် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟားဟားဟား… ငါက နောက်ဆုံးတော့ အောင်မြင်သွားပြီ… ငါက နောက်ဆုံးမှာတော့ အောင်မြင်သွားခဲ့ပြီ….."

ရန်တုံက သူ၏လက်ထဲရှိ အဆင့်(1) အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးကို မှင်တက်စွာ ကြည့်နေခဲ့ပေ၏။

"ပြောင်းလဲမှုလျော့နည်းခြင်း ပညာရပ်က အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးတွေကို တကယ်ဖော်စပ်နိုင်တာပဲ… ကြည့်ရတာ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်ဖြစ်တဲ့ ငါက ရာထူးနဲ့ မထိုက်တန်ဘူးပဲ… ပြောင်းလဲမှုလျော့နည်းခြင်း ပညာရပ်နဲ့တောင် အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်… ဘဝတစ်လျှောက်လုံးမှာ ငါက ကိစ္စတွေအများကြီးကို လွဲချော်ခဲ့ရတာပဲ… ယီယွမ်… ဆရာ... ကျွန်တော်က ဆရာ့ကို သေချာပေါက် အသိအမှတ်ပြုပါမယ်….." ရန်တုံက အသက်ကို ဝဝရှူလိုက်ပြီး သူ့ကိုယ်သူ ပြောဆိုလိုက်သည်။

ဘန်း…..

ရန်တုံက ဆေးဖော်စပ်ခြင်းအခန်း၏ တံခါးကို ဖွင့်လိုက်ပြီး လေပြည်တစ်ခုသဖွယ် ပြေးထွက်သွားခဲ့၏။

"တုံလေး… မင်းဘယ်သွားမလို့လဲ….." ချိုသာနူးညံ့သော အသံတစ်ခုက ရန်တုံကို တားဆီးလိုက်သည်။

"ဒေါ်လေး… ကျွန်တော်က အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်စရာရှိနေလို့ပါ… ကျွန်တော်ပြန်ရောက်လာရင် ဒေါ်လေးဆီလာခဲ့ပါမယ်… အခုတော့ အရင်ဆုံး ကျွန်တော်သွားလိုက်ပါဦးမယ်….." ရန်တုံ၏ ခြေလှမ်းများက ရပ်တန့်ခြင်းပင် မရှိခဲ့ဘဲ ချက်ချင်းပင် အဝေးသို့ ပြေးထွက်သွားခဲ့၏။

"ဒီကလေးကတော့….." အမျိုးသမီးက ခံစားချက်အပြည့်ပါဝင်သော သက်ပြင်းတစ်ခု ချလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now