Chapter 490

1.2K 134 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-5

(ခင်ဗျား အဲဒီလိုပြောခဲ့တာ မဟုတ်ဘူးလား)

မြို့ပိုင်ဂေဟာတွင်….

အလှပြင်ပစ္စည်းများ ထူပိန်းနေအောင် လိမ်းထားပြီး အဝတ်အစားတစ်ဝက်ချွတ်ထားသည့် မိန်းမတစ်ယောက်က ဇိမ်ခံဝတ်စုံအနက်ကို ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်၏ ရင်ခွင်ထဲတွင် ကလူကျီစယ်၍ မြူးထူးပျော်ပါးနေခဲ့သည်။

"အာ့… မြို့ပိုင်မင်း… ရှင်က အရမ်းဆိုးတာပဲ….."

"ဟားဟား… ဒါကို ဆိုးတယ်လို့ခေါ်တာလား… ပြီးရင် ပိုပြီးဆိုးတဲ့ကိစ္စတွေ ထပ်ဖြစ်လာဦးမှာလေ….."

"ဟီးဟီး… ကျွန်မက ရှင်ဆိုးတာကို အရမ်းကြိုက်တာပဲ….."

ကျင်းဖုန်းက ထပ်ပြီးအဆင့်တက်တော့မည့် အချိန်တွင် အလွန့်အလွန် စည်းချက်မကျသော အသံတစ်ခုက ဝင်ရောက်နှောင့်ယှက်လိုက်၏။

"သတင်းပို့ပါတယ်….." အစေခံတစ်ယောက်က အထဲသို့ပြေးဝင်လာခဲ့ပြီး မြေပြင်ပေါ်တွင် ဒူးထောက်၍ ပြောဆိုခဲ့သည်။

"မြို့ပိုင်မင်း… မကောင်းတော့ဘူး….."

ကျင်းဖုန်း၏ မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး သူကပြောဆိုလိုက်၏။ "ဘာကိစ္စလဲ… ပြဿနာတစ်ခုခု ရှိလာတာလား… အခုအချိန်မှာ ဒီမိုးသောက်မြို့က ခရမ်းနုရောင်စံအိမ်အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်ရှိနေပြီလေ… ဘယ်လိုပြဿနာကြီးတွေ ဖြစ်လာနိုင်မှာလဲ….."

"မြို့… မြို့ပိုင်မင်း… အရှင်… သခင်လေးက… သူက….." ထိုအစေခံက ချွေးများစီးကျနေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောခဲ့သည်။

ကျင်းဖုန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ သူ၏ရင်ခွင်ထဲမှ မိန်းမကို ဘေးသို့ဖယ်လိုက်ပြီး သူက မတ်တတ်ခရပ်၍ မေးမြန်းလိုက်သည်။ "သခင်လေး ဘာဖြစ်လို့လဲ… ဒီမိုးသောက်မြို့မှာ ဖမ်းအာကို ထိရဲတဲ့သူတစ်ယောက် ရှိနေတယ်ဆိုတာ ဖြစ်နိူင်ရဲ့လား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now