Chapter 505

1.1K 139 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-6

(မှော်ဆေးပညာတော်ဝင်မြေ)

ဖူကျုံးဟူထွက်ခွာသွားပြီးနောက် ယီယွမ်က ကောင်းကင်မေပယ်နှင့်အတူ ရှုကျိဟွေနှင့် ပေါင်စန်းကွေ့တို့၏ နောက်မှ ဝူဖန့်မြို့သို့ လိုက်ပါသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ရှုကျိဝေနှင့် ပေါင်စန်းကွေ့တို့က အလွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံလာခဲ့ကြ၏။

လက်ရှိအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ ယီယွမ်က ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်မျှသာ မဟုတ်တော့ပေ။

အဆင့်(2) ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သူကသာမန်ကာလျှံကာ ပြုလုပ်ထားခဲ့သော သဘာဝစွမ်းအင် ပိတ်ဆို့မှုကို ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်ပင် ဖယ်ရှားနိုင်စွမ်း မရှိခဲ့ပေ။

စဉ်းစားကြည့်လိုက်စမ်းပါ… ဘယ်လို လူငယ်ဂျီးနီးယပ်မျိုးက ဒီလောက်အထိ အစွမ်းထက်နိုင်မှာလဲ…..

ဖူကျုံးဟူပြောသလိုပင် ယီယွမ်နှင့် လူငယ်မျိုးဆက် ဂျီးနီးယပ်များအကြား ကွာခြားမှုက ကြီးမားသွားခဲ့ပြီဖြစ်၏။

ပေါင်စန်းကွေ့ကို အသာထား၍ ရှုကျိဟွေကပင် အလွန်ချိုသာယဉ်ကျေးစွာ ဆက်ဆံနေခဲ့သည်။ သို့သော် ကောင်းကင်မေပယ်က ဘေးမှနေ၍ ပို၍ဂုဏ်ယူနေခဲ့ပေ၏။

ရှုကျိဟွေနှင့် ပေါင်စန်းကွေ့တို့က သူ့ကို စကားပြောနေချိန်တွင်ပင် အလွန်လေးစားနေခဲ့သည်။ ထိုအရာအားလုံးက ယီယွမ်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း ကောင်းကင်မေပယ်က သိရှိပေ၏။

ထိုသို့မဟုတ်လျှင် ဤတစ်ကြိမ် မြောက်ပိုင်းကုန်းမြေ၏ အကြီးဆုံးတွေ့ဆုံပွဲကို ပါဝင်ဆင်နွှဲရန် အသာထား၍ ရှုကျိဟွေက ငြိမ်သက်တိမ်တိုက်အဖွဲ့ကို အစောကြီးကတည်းက ဖျက်ဆီးပစ်ခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now