Chapter 489

1.1K 130 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-4

(သူဋ္ဌေးသားတို့၏ ဘိုးဘေး)

"ဘာ… အဖိုးကြီး… ခင်ဗျား နောက်တစ်ခါ ပြန်ပြောလိုက်စမ်း….."

ကျင်းဖမ်းက နားကြားမှားခဲ့သည်ဟုသာ ထင်မြင်ခဲ့၏။

မိုးသောက်မြို့မှာ ငါ့ကို ပစ္စည်းမရောင်းရဲတဲ့သူတစ်ယောက် တကယ်ပဲရှိနေတာလား…..

ချီဟိုင်က ဖျော့တော့သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "သခင်လေးကျင်း… ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်စိတ်မကောင်းပါဘူး… စောစောလေးက သခင်လေးရောက်မလာခင်မှာ ငါက ဒီညီငယ်လေးကို ရောင်းချဖို့ တန်ကြေးတစ်ခုနဲ့ သဘောတူညီခဲ့ပြီးပါပြီ… စည်းမျဉ်းစည်းကမ်းတွေအရ ငါတို့အကြားက အရောင်းအဝယ် ပြီးဆုံးသွားခဲ့ပြီလို့ သတ်မှတ်နိုင်ပါပြီ… ပြန်လည်ပြင်ဆင်တာက မသင့်တော်ပါဘူး… တကယ်လို့ စည်းမျဉ်းတွေကို ချိုးဖောက်လိုက်မယ်ဆိုရင် ငါက အနာဂတ်မှာ ဆက်လက်နေထိုင်ဖို့ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး….."

ချီဟိုင်၏ စကားများကိုကြားသော် ယီယွမ်ကိုယ်တိုင်ပင် အလွန်အံ့ဩသွားခဲ့၏။

ဤအဖိုးကြီး၏ ယခင်အပြုအမူများအရ သူက အကျိုးအမြတ်ကိုသာ ကိုးကွယ်သည်ဟူ၍ လူအများက ထင်မိကြသည်။

သို့ရာတွင် ထိုတစ်ယောက်က အလယ်အလတ်အဆင့် သဘာဝသလင်းတုံး အတုံး၅၀၀အထိ တိုးမြှင်းပေးခဲ့ပြီ ဖြစ်သော်လည်း ဤအဖိုးကြီးက သူ့ကိုသာ ရောင်းချပေးမည်ဟု ပြောနေခဲ့၏။

ကျင်းဖမ်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး ချီဟိုင်ကိုကြည့်နေသော သူ၏မျက်လုံးအကြည့်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေခဲ့သည်။

"ခင်ဗျားက ဆက်ပြီးနေထိုင်ဖို့အတွက် မျက်နှာမပြရဲအောင် ဖြစ်နေမှာကို ကြောက်နေတာလား… ကျုပ်က အခုချက်ချင်း ခင်ဗျားရဲ့တံဆိပ်ပြားကို ဖယ်ရှားလိုက်ပြီးတော့ ဒီမှာဆက်ပြီးနေထိုင်ခွင့်မရအောင် လုပ်လို့ရတယ်ဆိုတာ ခင်ဗျားမယုံကြည်ဘူးလား….." ကျင်းဖမ်းက မုန်းတီးစွာဖြင့် အံကြိတ်၍ ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now