Chapter 558

1.1K 123 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-3

(ပထမအလွှာ)

"ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား ဖွင့်လှစ်ပြီ….."

"ဟားဟား… ဒီဘဝမှာ ငါ့အတွက် ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားကို ဝင်ရောက်ဖို့ အခွင့်အရေး ရှိနေသေးတာပဲ… တွေးကြည့်လိုက်ရုံနဲ့ကို စိတ်လှုပ်ရှားနေပြီ….."

"အောင်မြင်တယ် ကျရှုံးတယ်ဆိုတာက ကိုယ့်အပေါ်မှာပဲ မူတည်တယ်… ငါက အမှိုက်ကောင်တွေရဲ့ အပေါ်မှာ သေချာပေါက် ရပ်တည်နိုင်ရမယ်….."

ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား၏ ထူးခြားသော လှုပ်ရှားမှုက ပထမဆုံးအကြိမ် ဝင်ရောက်ကြမည့် အဖွဲ့များ၏ တပည့်များနှင့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများကို ပွက်လောရိုက်သွားစေခဲ့သည်။

သူတို့နှင့် နှိုင်းယှဉ်လျှင် အဖွဲ့ကြီးသုံးဖွဲ့၏ တပည့်များက အလွန်တည်ငြိမ်နေခဲ့၏။

အလင်းမျက်နှာပြင်တစ်ခုက ဘုရားထိပ်မှ မြေပြင်ပေါ်အထိ ကျလာခဲ့ရာ အလွန်ကြီးမားသော မြင်ကွင်းတစ်ခုဖြစ်သည်။

ဘုရားကိုယ်ထည်က ဤအလင်းမျက်နှာပြင်ဖြင့် လှည်းကျင်းလိုက်သလို နာမည်များ အတန်းလိုက် ထုတ်ဖော်ပြသနေခဲ့၏။

ယီယွမ်က ကြည့်ရှုလိုက်သည်။ အလွန်ထင်ရှားသော နေရာတစ်ခုတွင် လီဖန်းထျန်းဟူသော နာမည်တစ်ခုသာ ရှိနေခဲ့၏။

ဤနာမည်၏ထိပ်တွင် အဋ္ဌမအလွှာဟူ၍ ခေါင်းစဉ်ရှိနေသည်။ သူက ဤနှစ်ပေါင်းတစ်သောင်းအတွင်း သတ္တမအလွှာကို ဖြတ်ကျော်၍ အဋ္ဌမအလွှာသို့ ရောက်ရှိခဲ့သည့် တစ်ဦးတည်းသော သိုင်းပညာရှင်ဖြစ်၏။

ယီယွမ်က အောက်သို့ဆက်ကြည့်လိုက်သည်။ သတ္တမအလွှာတွင် နာမည်သုံးခုရှိနေခဲ့၏။

ပထမနာမည်မှာ လော့ယန်ချင်းဖြစ်ပြီး ဒုတိယနာမည်မှာ ကျောဖေးဖြစ်သည်။

တတိယနာမည်မှာ လူလင်ဖုန်း ဖြစ်ပေ၏။

"ဒီအဖိုးကြီးက အဆုံးမဲ့ကမ္ဘာကြီးမှာ အတိတ်တုန်းက ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်ပဲ… အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ ဒဏ္ဍာရီတွေကို နောက်ပိုင်းမျိုးဆက်တွေက တဖြည်းဖြည်း မေ့လျော့လာကြပြီ….." ယီယွမ်က သက်ပြင်းချလိုက်မိသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Tempat cerita menjadi hidup. Temukan sekarang