Chapter 439

1.1K 134 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(34)

Chapter-9

(သေချာပေါက် သေမှာလား)

ကျောက်ချန်ကန်း၏ မျက်နှာက အနီရောင်ပြောင်းသွားခဲ့၏။ သူက ငြင်းဆန်ရန် ပြင်ဆင်လိုက်သော်လည်း မည်သည့်နေရာက စတင်ရမည်မှန်း မသိခဲ့ပေ။

လှံတစ်ချောင်းကို အသုံးပြုရန်
အရေးအကြီးဆုံး အရာမှာ အရှိန်အဟုန်ကို စုဆောင်းခြင်းဖြစ်သည်။ သူက ထိုအရာကို မည်သည့်အတွက် မသိဘဲနေမည်နည်း။

လှံအရိပ်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၏ အစွမ်းက အလွန့်အလွန် ကြီးမားပေ၏။ သူ၏ စတင်သည့် အဆင့်က အမှန်တကယ်ပင် အရှိန်အဟုန်ကို စုဆောင်းခြင်းဖြစ်သည်။

သို့သော် ဤသိုင်းကွက်က အလွန့်အလွန် အစွမ်းထက်နေခဲ့၍ ကျောက်ချန်ကန်းက ရေတွက်၍မရနိုင်သည့် လှံအရှိန်အဟုန်များကို နောက်ဆုံးလှံချက်အဖြစ် ပေါင်းစပ်လိုခဲ့သည့်တိုင် မည်သို့မှ စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ပေ။

သို့သော် သူကဲ့သို့သော လှံကိုအသုံးပြုသည့် လူတစ်ယောက် မလုပ်နိုင်ခဲ့သော အရာကို ဓားအသုံးပြုသော ဂျိချင်က ပြုလုပ်နိုင်ခဲ့၏။ ထိုအရာကို ပြောင်းပြန်အခြေအနေတစ်ခု မဟုတ်ခဲ့ကြောင်း ပြော၍မရနိူင်ပေ။

ယနေ့တိုက်ပွဲက ကျောက်ချန်ကန်းကို ကိုးကားနိုင်မှုမြင့်မားသော တန်ဖိုးရှိသည့် စစ်မှန်သောတိုက်ပွဲတစ်ခု ဖြစ်ကြောင်း သံသယရှိစရာမလိုအပ်ပေ။

သူက ပြန်သွားပြီး ထိုအရာကို အသေးစိတ် လေ့လာကြည့်မည်ဆိုပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် လှံအရိပ်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအတွင်းသို့ သူက စုဆောင်းလာခဲ့သော အရှိန်အဟုန်များကို ပေါင်းစပ်နိူင်စွမ်း အမှန်တကယ် ရှိလာပေလိမ့်မည်။

"ဂျိချင်… တအားမမောက်မာနဲ့… ငါတို့ရဲ့ တိုက်ခိုက်မှုက အစပဲရှိသေးတာနော်… စောစောလေးက သွေးပူလေ့ကျင့်ခန်းတစ်ခုပဲ….." ကျောက်ချန်ကန်းက နက်မှောင်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် သူက အမှန်တကယ် ဒေါသထွက်သွားခဲ့သည်မှာ သိသာလှ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now