Chapter 440

1.1K 137 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(34)

Chapter-10

(ကြောက်စရာကောင်းသော တိုက်ပွဲ)

"မဖြစ်နိုင်တာဆိုလို့ ဘာမှမရှိဘူး… လှံတစ်ချောင်းရဲ့ အတိုက်အခိုက်စွမ်းအားက အလွန့်အလွန်အစွမ်းထက်လို့ ပထမနေရာမှာ ရှိတယ်… ကျောက်ချန်ကန်းက အစစ်အမှန်အသိကိုလည်း နားလည်ထားခဲ့တယ်… ငါခန့်မှန်းတာမှန်မယ်ဆိုရင် ဒီတိုက်ခိုက်မှုက တိုက်ခိုက်မှုအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှု အားလုံးကို ထည့်ပေါင်းထားလို့ အသေးအဖွဲတိုက်ခိုက်မှု မဟုတ်နိုင်ဘူး… တကယ်တော့ ငါသာ ကျောက်ချန်ကန်းရဲ့
ပြိုင်ဖက်ဆိုရင် သူက ငါ့ကိုလာပြီးတော့ တိုက်ခိုက်တာကို မိုက်မိုက်မဲမဲစောင့်ဆိုင်းနေမှာ မဟုတ်ဘူး… အဲဒီတိုက်ခိုက်မှု ထွက်ပ်ါလာတဲ့အချိန်ကျရင် ဂျိချင်က ကျင့်စဉ်အဆင့် တော်တော်လေး နိမ့်ကျနေသေးတယ်လေ….." ရှန့်ကွမ်လင်ယွင်က ယုံကြည်မှုရှရှိဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် ဂျိချင်က ဒီတိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ အစ်ကိုကြီးထင်လား….." ရှန့်ကွမ်လင်ရှဲ့က သိချင်စွာဖြင့် မေးမြန်းလိုက်၏။

"ငါမသိဘူး… ဂျိချင်ရဲ့ စွမ်းရည်အကုန်လုံးကို ငါခန့်မှန်းလို့မရဘူး… ကျောက်ချန်ကန်းနဲ့ နှိုင်းယှဉ်လိုက်ရင် သူက ပိုပြီးကြောက်စရာကောင်းတဲ့ ပြိုင်ဖက်တစ်ယောက်ပဲ… ဘာလို့လဲဆိုတော့ သူက ဘယ်လိုအံ့အားသင့်စရာတွေ ယူဆောင်လာမလဲဆိုတာ ငါတို့မသိရလို့ပဲ….." ရှန့်ကွမ်လင်ယွင်က လေးနက်သောမျက်နှာဖြင့် ပြောဆိုခဲ့သည်။

ရှန့်ကွမ်လင်ယွင်နှင့် ကျောက်ချန်ကန်းတို့ ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိခဲ့သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သော်လည်း သူတို့နှစ်ယာက်က အတူကြီးပြင်းလာခဲ့၍ တစ်ယောက်၏ ခွန်အားကို အခြားတစ်ယောက်က အနည်းနှင့်အများ ခန့်မှန်းနိုင်ပေ၏။

သို့သော် ဂျိချင်က ကွာခြားပေသည်။ စင်ပေါ်တွင် ရပ်လာခဲ့သည်မှစ၍ ဂျိချင်၏ နည်းလမ်းများက အဆုံးအစမဲ့သော စမ်းချောင်းတစ်ခုနှင့် ပေါင်းစပ်ထားခဲ့ပုံရပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now