Chapter 503

1.1K 130 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-4

(ဒီနေရာကို လာသင့်တဲ့လူက ဒီနေရာကို ရောက်လာပြီ)


"ဝူဖန့်မြို့ရဲ့ ပထမတန်းစား လှည့်လည်စစ်ဆေးသူ ရှုကျိဟွေက မြို့ပိုင်အရှင်သခင်ရဲ့ အမိန့်နဲ့ အရှင်ယီယွမ်ကို အဖွဲ့ကြီးသုံးဖွဲ့နဲ့ ဝူဖန့်မြို့တို့ ပူးပေါင်းကျင်းပတဲ့ သူရဲကောင်းဖိတ်ကြားခြင်း လာရောက်ပို့ဆောင်ဖို့အတွက် တွေ့ခွင့်တောင်းဆိုပါတယ်….." ရှုကျိဟွေက တံခါးရှေ့သို့ လာရောက်၍ ကြည်လင်ပြတ်သားသော အသံဖြင့် အော်ပြောလိုက်သည်။

စကားအဆုံးတွင် ရှုကျိဟွေက သူ၏လက်များကို ဆုပ်ကိုင်၍ ဘေး၌ မတ်တတ်ရပ်ကာ ငြိမ်သက်တိမ်တိုက်အဖွဲ့၏ တုံ့ပြန်မှုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။

"အရှင်ယီယွမ် ဟုတ်လား… အဲဒါဘယ်သူလဲ… မြောက်ပိုင်းကုန်းမြေမှာ ဒီလိုပုဂ္ဂိုလ်မျိုး ရှိတယ်လို့ ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး… သူက ငြိမ်သက်တိမ်တိုက်အဖွဲ့ရဲ့ အဖွဲ့အရှင်သခင်လား….." ပေါင်စန်းကွေ့က သိချင်စွာဖြင့် မေးမြန်းလိုက်သည်။

သို့သော် ရှုကျိဟွေက သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့၏။ "ငါလည်းမသိဘူး… ဒီကိုမလာခင် မြို့ပိုင်အရှင်သခင်က သူရဲကောင်းဖိတ်ကြားခြင်း စာလွှာကို ငါ့လက်ထဲ ကိုယ်တိုင်လာပေးပြီး ယီယွမ်ဆိုတဲ့နာမည်ကို ပြောပြတယ်… ပြီးတော့ သူ့ကို သေချာပေါက် လာရောက်ဖို့ ငါ့ကို လိုက်လိုက်လျောလျောနဲ့ ဖိတ်ကြားခိုင်းခဲ့တယ်… ယီယွမ်က ဘယ်သူလဲဆိုတာရယ်၊ သူ့ရုပ်ရည်က ဘယ်လိုမျိုးဆိုတာရယ်၊ သူ့ရဲ့ခွန်အားက ဘယ်လိုမျိုးလဲ ဆိုတာရယ်ကို ငါလုံးဝမသိဘူး….."

ရှုကျိဟွေက ပို၍ပြောဆိုလေလေ ပေါင်စန်းကွေ့က ပို၍သိချင်လာမိလေလေ ဖြစ်သည်။

သို့သော် သူ၏အမြင်တွင် ဤငြိမ်သက်တိမ်တိုက်အဖွဲ့က ထိုသို့မောက်မာနေခြင်းမှာ မောက်မာနိုင်သော အစွမ်းရှိနေ၍သာ ဖြစ်ကြောင်း သတ်မှတ်ခဲ့ပေ၏။

မြို့ပိုင်အရှင်သခင်က လိုက်လိုက်လျောလျော ဖိတ်ကြားရန်အတွက် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့သော လူတစ်ယောက်က သာမန်လူတစ်ယောက် ဖြစ်မည်မဟုတ်ပေ။ သူ့ကို ကြိုဆိုရန် ငြင်းပယ်ခြင်းမှာ အကြောင်းပြချက်အတွင်းသာ ရှိနေခဲ့ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now