Chapter 517

1.1K 119 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-4

(ယီယွမ်၏ အကြံအစည်)

ဝူရွှမ်က ထိုအခြေအနေကိုမြင်သော် သူ့ကိုယ်သူ အပြစ်တင်လိုစိတ်ဖြင့် ရယ်မောလိုက်ပေသည်။ "မင်းကတော့ လူတွေကို စိတ်မထိန်းနိုင်အောင် လုပ်ဆောင်နေတာပဲ… ငါက မင်းကို တကယ်လက်မြှောက်ပါပြီ… ထားလိုက်တော့… ထားလိုက်တော့…မင်းကအရင်ဆုံး အခြားဟာတွေကို ကြည့်လိုက်ပါဦး….."

"ဟမ့်… မသိတာက မသိတာပဲပေါ့… ဟန်ဆောင်မနေစမ်းပါနဲ့… မင်းက အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်ဆိုရင်တောင် ဘာဖြစ်လဲ… ဒီငါးနှစ်အတွင်းမှာ မှော်ဆေးပညာရှင်ဧကရာဇ် တစ်ဒါဇင်ကျော်က နံပါတ် ၁၃၆မေးခွန်းကို စိန်ခေါ်ခဲ့ကြတယ်… သူတို့ထဲမှာ အရှင်ခေါင်းဆောင်ကြီးပါ အပါအဝင်ပဲ… ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ခဲ့ဘူး… မင်းလိုအဆင့်နဲ့ ဘယ်လိုလုပ်ပြီး ဖြေကြားနိုင်မှာလဲ….." ချောင်ဖန့်က လှောင်ပြောင်လိုက်ပေ၏။

(ဒီနေရာမှာ မှော်ဆေးပညာရှင် အစည်းအရုံးရဲ့ ခေါင်းဆောင်ကြီးက သူ့မေးခွန်းကို သူကိုယ်တိုင် ဘာလို့ဝင်ဖြေတာလဲဆိုတာ မေးစရာရှိလာပါတယ်။ သူမဖြေရှင်းနိုင်တဲ့ မေးခွန်းဖြစ်လို့ မေးခွန်းတစ်ထောင်နံရံမှာ တင်ထားခဲ့ပြီး သူကိုယ်တိုင် ပြန်လည်ဖြေဆိုကြည့်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။)

ချောင်ဖန့်၏ စကားများက နားဝင်မချိုသော်လည်း လက်ရှိနေရာရှိ မှော်ဆေးပညာရှင်အားလုံးက ထိုစကားကို တိတ်တဆိတ် ထောက်ခံနေခဲ့ကြသည်။

ရန်ရှင်းချွန်းနှင့် တန်ချန်ကျီတို့ နှစ်ယောက်က အဆုံးမဲ့ကမ္ဘာကြီး၏ မှော်ဆေးပညာရှင်လမ်းတွင် အမြင့်ဆုံးအဆင့် ပုဂ္ဂိုလ်များဖြစ်ကြပေ၏။

သူတို့ကိုယ်တိုင် ဖြေဆိုနိုင်ခြင်းမရှိသော မေးခွန်းများက ပုံမှန်အားဖြင့် ဖြေရှင်း၍မရနိူင်သော မေးခွန်းများဟူ၍ အဓိပ္ပာယ်ရပြီး မှန်းဆဖြေဆိုရမည့် အမျိုးအစားဟူ၍သာ သတ်မှတ်ရပေမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now