Chapter 577

1K 126 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-8

(ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ)

"အားလုံးပဲ… ငါက အရင်ဆုံး သွားလိုက်တော့မယ်နော်….." ယီယွမ်က ချင်ယန်းတို့သုံးယောက်ကို နှုတ်ဆက်ပြီး ဆဋ္ဌမအလွှာသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

ချင်ယန်းတို့သုံးယောက်က အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြပြီး မည်သို့ပြောရမည်ကို မသိကြတော့ပေ။

ဤအချိန်တွင် ယီယွမ် သတ်ဖြတ်ခဲ့သော ပုံရိပ်ယောင်ဝိညာဉ်များက တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာခဲ့၏။

"မင်းတို့တွေက ဒီအလွှာကို စိန်ခေါ်ဖို့ အစီအစဉ်ရှိသေးလား… ကြည့်ရတာတော့… ငါတို့မှာ မျှော်လင့်ချက်လုံးဝမရှိဘူး….." ချင်ယန်းက စိတ်ဓာတ်ကျစွာဖြင့် ပြောဆိုလိုက်သည်။

ကောထောင်ချွင်က အံကြိတ်၍ ပြောခဲ့၏။ "ဒီနေရာအထိ ရောက်လာပြီ… ငါတို့က မတိုက်ခိုက်ဘဲ နောက်မဆုတ်နိုင်ဘူး… ငါအရင်ဆုံးသွားမယ်….."

ထိုသို့ပြောရင်း ကောထောင်ချွင်က အစီအရင်အတွင်းသို့ တစ်ခါတည်း ဝင်ရောက်သွားခဲ့သည်။

. . . . . .

"ယီယွမ်က ဆဋ္ဌမအလွှာကို ရောက်ရှိသွားခဲ့ပြီ… သူက ဒီနှစ်တစ်ထောင်အတွင်းမှာ အကောင်းဆုံး ရလဒ်ကို ထုတ်ပေးနိုင်နေပြီ….."

"စတုတ္ထအလွှာကို ဝင်ရောက်ပြီးတဲ့နောက် သူ့ရဲ့အမြန်နှုန်းက ပိုပြီးမြန်ဆန်လာခဲ့တယ်… စတုတ္ခအလွှာမှာ ၁၅မိနစ်ပဲ အချိန်ယူပြီး ကျော်ဖြတ်ခဲ့တယ်… ဒီပဉ္စမအလွှာမှာလည်း တစ်ရက်ရဲ့ လေးပုံတစ်ပုံပဲ အချိန်ယူပြီး ကျော်ဖြတ်နိုင်ခဲ့တယ်… တကယ်ကို မယုံနိုင်စရာပဲ….."

"ဒီကောင်လေးရဲ့ အကန့်အသတ်က ဘယ်နေရာမှာရှိနေမလဲဆိုတာ သိချင်မိတယ်… သူက ဆဋ္ဌမအလွှာကို ကျော်ဖြတ်နိုင်မလားဆိုတာ ငါမသိဘူး… တကယ်လို့ သူက ဆဋ္ဌမအလွှာကို ကျော်ဖြတ်နိုင်ခဲ့ရင် သူက ဒီနှစ်တစ်သောင်းအတွင်းမှာ ဆဋ္ဌမအလွှာကို ကျော်ဖြတ်ပြီး သတ္တမအလွှာကို ရောက်ရှိနိုင်ခဲ့တဲ့ ပဉ္စမမြောက် သိုင်းပညာရှင် ဖြစ်လာလိမ့်မယ်… ဒီလိုမွန်းစတားဆန်တာမျိုးက ရှေးခေတ်နဲ့ လက်ရှိခေတ်ကိုတောင် ကျော်လွန်သွားစေလိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now