Chapter 567

1K 119 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-12

(ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်)

ဘယ်လိုကွာခြားတာလဲ ဟုတ်လား…..

တော်တော်လေး ကွာခြားတယ်…..

ယီယွမ်၏ ကြောက်စရာကောင်းပုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ချင်ယန်းတို့သုံးယောက်ကသာ ယီယွမ်က မည်မျှအထိ မွန်းစတားဆန်သည်ကို သိခဲ့ကြပေသည်။

စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်အားလုံး အပါအဝင် အခြားလူများအတွက်မူ ယီယွမ်အကြောင်းကို အခြားသူများထံမှသာ ကြားခဲ့ရ၏။

ဤလူများအားလုံးက ဂုဏ်ယူရသည့် ကောင်းကင်၏ကလေးငယ်များ ဖြစ်ကြသည်။ သူတို့နာမည်မျှသာ ကြားဖူးသော ဂျီးနီးယပ်တစ်ယောက်ကို မည်သူက ယုံကြည်မည်နည်း။

ထိုဂျီးနီးယပ်ဆိုသူက အမွေအနှစ်နယ်မြေကို ဝင်ရောက်ရန်အတွက် သူတို့ထက် အများကြီးနောက်ကျနေခဲ့သည်ကိုပါ ထည့်တွက်လိုက်လျှင် ပြောနေစရာမလိုတော့ပေ။

"မင်းတို့ ထပ်မမေးတော့နဲ့… အချိန်ကျလာရင် မင်းတို့သိလာကြလိမ့်မယ်… အခု… ဆုကြေးတွေကို လက်ခံဖို့ ပြင်ဆင်ကြ….."

လျှို့ဝှက်ပုဂ္ဂိုလ်၏ ရှေးကျသောအသံက လူဟုန်၏ မေးခွန်းများကို ဖြေကြားရန် လုံးဝစိတ်မဝင်စားဟန်ဖြင့် နောက်ထပ်တစ်ကြိမ် ပြောဆိုလိုက်၏။

ဤအခိုက်အတန့်တွင် အလင်းတန်း ဒါဇင်အနည်းငယ်က လေထဲမှဆင်းသက်လာခဲ့ပြီး လူတိုင်း၏ ရှေ့တွင်ပေါ်ထွက်လာခဲ့သည်။ 

အချိန်အနည်းငယ်ကြာပြီးနောက် အလင်းက ပျောက်ကွယ်သွားခဲ့၏။ ဆုကြေးအားလုံးက သူတို့၏ မျက်လုံးများရှေ့၌ တိတ်တဆိတ်ပင် ပေါလောပေါ်နေခဲ့သည်။

အခြားလူများက ယီယွမ်၏ပြဿနာကို သူတို့၏စိတ်ထဲမှ မြန်ဆန်စွာ ထုတ်ပစ်လိုက်၏။ ယီယွမ်က မည်မျှပင် မွန်းစတားဆန်နေစေကာမူ သူတို့က ယီယွမ်နှင့် မည်သည့်အရာမှ လုပ်စရာမရှိပေ။ သို့သော် ဤဆုကြေးများက အမှန်တကယ်ပင် ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now